
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဓာတုလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ကိုယ်စားလှယ်အဖွဲ့သည် မကြာသေးမီက ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့ပြီး ဂျပန်နိုင်ငံ စွန့်ပစ်ထားသော ဓာတုလက်နက်များ စီမံခြင်း အဆောက်အဦသို့ သွားရောက်လေ့လာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က စက်တင်ဘာ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာအခြေအနေအား မိတ်ဆက်ပြောကြားခဲ့သည်။
မော်နင်က OPCW အကြီးအကဲ၊ အမှုဆောင်ကောင်စီ ဥက္ကဋ္ဌနှင့် OPCW အခြေစိုက် နိုင်ငံ ၁၂ နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် အဆင့်မြင့်သံတမန်များသည် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့ကြောင်း၊ ခရီးစဉ်ကာလအတွင်း ကျီလျင်ပြည်နယ် ဟွေးချွမ်း၊ သွမ်းဟွနှင့် ဟားအယ်ပါးလျင်ဒေသများသို့ သွားရောက်၍ ဂျပန်နိုင်ငံက စွန့်ပစ်ထားသော ဓာတုလက်နက်များ တူးဖော်ပြန်လည်သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း စသည်တို့ ဆောင်ရွက်ရာနေရာအား လေ့လာကြည့်ရှုခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်ခရီးစဉ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့နှင့် တိုက်ဆိုင်လျက်ရှိကြောင်း၊ ထိုစဉ်က ဂျပန်စစ်ဝါဒီများသည် တရုတ်နိုင်ငံသို့ ကျူးကျော်စစ် ဆင်နွှဲခဲ့ရာ ပြင်းထန်ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှု ကပ်ဘေး သယ်ဆောင်လာခဲ့သလို ဂျပန်နိုင်ငံ စွန့်ပစ်ထားသော ဓာတုလက်နက် ဟူသည့် သမိုင်းအဆိပ်အတောက် အန္တရာယ်ကိုလည်း ချန်ထားခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။
ခရီးစဉ်မှတစ်ဆင့် ဘက်အသီးသီးက ဂျပန်နိုင်ငံ စွန့်ပစ်ထားသော ဓာတုလက်နက်ကြောင့် တရုတ်ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာနှင့် ဂေဟပတ်ဝန်းကျင်အပေါ် ဆိုးရွားသော အန္တရာယ်ဖြစ်စေမှုကို တစ်ဆင့်တိုး နားလည်သိရှိလာပြီး “ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (CWC)” ၏ သတ်မှတ်ချက်အရ ဂျပန်နိုင်ငံအနေဖြင့် စာချုပ်အား ဆောလျင်စွာ လက်တွေ့အကောင်အထည်ဖော်၍ တာဝန်ထမ်းဆောင်ရန်၊ တရုတ်နိုင်ငံ၌ စွန့်ပစ်ထားသော ဓာတုလက်နက်များအား ဘက်စုံ၊ သန့်ရှင်းစွာ အပြည့်အဝ ဖျက်ဆီးရန်၊ တရုတ်ပြည်သူများအား သန့်ရှင်းသောမြေယာ ပြန်လည်ပေးအပ်ရန်၊ CWC စာချုပ်တွင် အဆိုပြုထားသော “ဓာတုလက်နက်ကင်းစင်သော ကမ္ဘာကြီး” ဟူသည့် မွန်မြတ်သော ရည်မှန်းချက်အား အကောင်အထည်ဖော်ရန် OPCW က တိုက်တွန်းမှုကို ထောက်ခံအားပေးကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部介绍禁止化学武器组织代表团访华情况
新华社北京9月7日电(记者邵艺博、万倩仪)近日,禁止化学武器组织代表团应邀来华访问,考察日遗化武处理设施。外交部发言人毛宁7日在例行记者会上介绍了有关情况。
毛宁说,8月31日至9月5日,禁止化学武器组织总干事和执行理事会主席以及12个国家常驻禁化武组织代表和高级外交官应邀访华。其间,赴吉林珲春、敦化和哈尔巴岭实地察看日遗化武挖掘回收、销毁等作业现场。
毛宁表示,此次访问适逢中国人民抗日战争暨世界反法西斯战争胜利纪念日。当年日本军国主义对华发动侵略,带来深重人道主义灾难,也留下了日遗化武这一历史毒患。
毛宁说,通过访问,各方进一步认识到日遗化武对中国人民生命财产和生态环境造成的严重危害,支持禁化武组织根据《禁止化学武器公约》的规定,敦促日方尽早切实履约尽责,全面、干净、彻底销毁遗弃在中国的化学武器,早日还中国人民以净土,实现公约提出的“无化武世界”崇高目标。(完)








