
ကွမ်ကျိုး၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
Huawei သည် စက်တင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ Huawei Mate XT 2 သုံးခေါက်ချိုး လက်ကိုင်ဖုန်းအား ထုတ်ပြန်မိတ်ဆက်ခဲ့သည်။ အဆိုပါဖုန်းတွင် နောက်ဆုံးထွက် Kirin 9050 Proချိ(ပ်စ်)ပြား အား အသုံးပြုထားရာ ၎င်းသည် ပထမဆုံး logic folding နည်းပညာအသုံးပြုထားသော စွမ်းဆောင်ရည် မြင့်မားသည့် ချိ(ပ်စ်)ပြားဖြစ်သည်။
Kirin 9050 Pro ချိ(ပ်)(စ်)ပြားသည် ချိ(ပ်စ်)ပြား တစ်ခုတည်းအတွင်း၌ logic unit များအား အလွှာခွဲ၍ စီစဉ်နေရာချထားသဖြင့် မြေညီအလွှာအား နှစ်ထပ်အလွှာအဖြစ် အဆင့်မြှင့်တင်လိုက်သည့်ပမာဖြစ်ကြောင်း၊ အတွင်းပိုင်း၌ ဒေါင်လိုက် အပြန်အလှန်ချိတ်ဆက်နိုင်သော လမ်းကြောင်း ထပ်တိုး ထည့်သွင်းပေးထားသောကြောင့် “ဓာတ်လှေကား” ထပ်တိုး တပ်ဆင်ထားသလိုဖြစ်ကြောင်း၊ အချက်ပြမှု ပို့ဆောင်သည့် လမ်းကြောင်း ပိုမိုတိုတောင်းသွားပြီး အချိန်ကြာမှု ပိုနည်းကာ စွမ်းဆောင်ရည်ပိုမိုမြင့်မားကြောင်း သိရသည်။
၎င်းသည် Huawei Mate40 အား တစ်ကမ္ဘာလုံးတွင် ထုတ်ပြန်ပြီးနောက် Huawei က ၆ နှစ်အကြာတွင် flagship ထုတ်ကုန်မိတ်ဆက်ပွဲ အခမ်းအနား၌ Kirin ချိ(ပ်စ်)ပြားအား မိတ်ဆက်ပေးခြင်းပင်ဖြစ်သည်။ (Xinhua)
---------------------
(Chinese Version)
华为时隔六年再次发布高性能芯片
新华社照片,广州,2026年9月7日
9月7日,华为在广州发布MateXT 2三折叠手机,搭载最新的麒麟9050Pro芯片,这是首款采用逻辑折叠技术的高性能芯片。据了解,麒麟9050Pro在单芯片内将逻辑单元分层排布,如同从平层升级为复式,内部增设垂直互联通道,好似加装“电梯”,信号传输路径更短、时延更低、性能更好。这也是继华为Mate40全球发布会之后,华为时隔六年在旗舰发布会上推出全新麒麟芯片。
图说1:9月7日拍摄的展出的麒麟9050Pro芯片。新华社记者 毛思倩 摄
图说2:9月7日拍摄的发布会现场。 新华社记者 毛思倩 摄








