
ကိဗ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့နှင့် ကိဗ်ပြည်နယ်၏ စက်တင်ဘာ ၈ ရက် သတင်းအရ ရုရှားစစ်တပ်က အဆိုပါဒေသအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၇ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ရှိ စစ်ရေးစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ထိုနေ့ညပိုင်းအထိ ရုရှားစစ်တပ်က နံနက်ပိုင်းတွင် ကိဗ်မြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ကိဗ်ပြည်နယ် စစ်ရေးစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၈ ရက်ညပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ရုရှားစစ်တပ်သည် ထိုနေ့၌ အဆိုပါပြည်နယ်အား ဒရုန်းဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၂ ဦး သေဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါပြည်နယ် Bucha ခရိုင်၏ ဂိုဒေါင်ဇုန်တွင် တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာ ညပိုင်းအချိန်အထိ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း လေတပ်၏ စက်တင်ဘာ ၈ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ပြန်သော သတင်းအရ စက်တင်ဘာ ၇ ရက်မှ ၈ ရက် နံနက်ပိုင်းအထိ ရုရှားစစ်တပ်သည် Bryansk ပြည်နယ်၊ Voronezhskaya ပြည်နယ်၊ Vologodskaya ပြည်နယ်၊ Orlovskaya ပြည်နယ်၊ Krasnodarskiy နယ်စပ်ဒေသနှင့် ခရိုင်းမီးယားဒေသမှ ယူကရိန်းနိုင်ငံ နယ်နိမိတ်အတွင်းသို့ P-800 Oniks ၊ 9K720 Iskander ၊ S-400 စသည့် အမျိုးအစား ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်း ၁၆၆ စင်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
ရုရှားစစ်တပ်၏ အဓိကတိုက်ခိုက်သော ဦးတည်ချက်မှာ Odesa ပြည်နယ်နှင့် ကိဗ်ပြည်နယ် တို့ဖြစ်ကြောင်း၊ စက်တင်ဘာ ၈ ရက် ၈ နာရီ ၃၀ မိနစ်အထိ ယူကရိန်းဘက်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း၊ ခရုဇ်ဒုံးကျည် ၃၁ စင်းနှင့် ဒရုန်း ၁၄၂ စင်းအား ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံ နယ်နိမိတ်အတွင်းရှိ နေရာ ၂၉ နေရာသည် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုခံရပြီး အခြားနေရာ ၉ ခုတွင် ဒုံးကျည် သို့မဟုတ် ဒရုန်းအပိုင်းအစများ ထိမှန်မှုဖြစ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
---------------------
(Chinese Version)
乌基辅市及基辅州遭俄空袭死亡人数升至7人
新华社基辅9月8日电(记者李东旭)据乌克兰基辅市和基辅州方面8日消息,俄罗斯军方对该地区的空袭致死人数已升至7人。
乌克兰首都基辅市军事管理局8日在社交媒体发文说,截至当晚,俄军凌晨对基辅市发动的空袭已造成5人死亡、29人受伤。
基辅州军事管理局8日晚在社交媒体发文说,俄军当天对该州发动了无人机袭击,袭击导致两人死亡、三人受伤,该州布昌斯基区的仓库区遭袭后起火,截至晚间,大火被扑灭。
据乌空军8日在社交媒体发布消息,7日晚至8日凌晨,俄军从布良斯克州、沃罗涅日州、沃洛格达州、奥廖尔州、克拉斯诺达尔边疆区和克里米亚向乌境内发射了多枚“缟玛瑙”、“伊斯坎德尔-M”、S-400等型号导弹以及166架无人机。
消息称,俄军袭击主要方向是敖德萨州和基辅州。截至8日8时30分,乌方拦截了两枚弹道导弹、31枚巡航导弹和142架无人机:乌境内有29处地点遭到导弹和无人机袭击,另有9处地点被导弹或无人机碎片击中。(完)
图说:9月8日,乌克兰国家紧急情况局救援人员在基辅市索洛缅斯基区扑救一处遇袭起火的基础设施。新华社发(彼得·德鲁克摄)








