
မော်စကို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းရေးမှူး ဒီမီထရီ ပက်စ်ကော့ဗ်က စက်တင်ဘာ ၈ ရက်တွင် စစ်ဝါဒီဂျပန်ကို အောင်နိုင်ခြင်းအထိမ်းအမှတ် ကျောက်တိုင်အား ဖြိုဖျက်ရန် ဂျပန်ဘက်၏ တောင်းဆိုမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ရုရှားအနေဖြင့်နိုင်ငံ ဂျပန်စစ်ဝါဒကို မေ့လျော့ခြင်းမရှိသလို ဂျပန်စစ်ဝါဒီကို တွန်းလှန်ရာတွင် ရရှိခဲ့သော အောင်နိုင်ခြင်းကိုလည်း မေ့လျော့ခြင်းမရှိကြောင်း ပြောကြားခဲ့သည် ။
ရုရှားအရှေ့ဖျား Khabarovsk မြို့တွင် စက်တင်ဘာ ၄ ရက်က ဂျပန်စစ်ဝါဒီကို အောင်နိုင်ခြင်းအထိမ်းအမှတ် ကျောက်တိုင် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။ ယင်းကျောက်တိုင်သည် ရုရှားနိုင်ငံတွင် လက်ရှိအချိန်အထိ အကြီးဆုံးသော ဂျပန်စစ်ဝါဒီကို အောင်နိုင်ခြင်းအထိမ်းအမှတ် ကျောက်တိုင်ဖြစ်သည်။ ပက်စ်ကော့ဗ်က သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် “ဂျပန်ဘက်က ဘာတွေမေ့သွားပြီး ဘာကိုမှတ်မိလဲ ဆိုတာ ပြောဖို့ခက်ခဲပေမဲ့ ရုရှားကတော့ မမေ့ပါဘူး” ဟု ပြောကြားခဲ့သည်။
ယင်းမတိုင်မီ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခရိုဗာက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ရုရှားအား ကျောက်တိုင်ဖြိုဖျက်ရန် တောင်းဆိုမှုနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားရာတွင် ယင်းသည် “လေမတိုက်ဖို့၊ နေအလင်းရောင် မထွက်ဖို့” တောင်းဆိုခြင်းကဲ့သို့ ယုတ္တိမရှိကြောင်း၊ မိမိတို့နိုင်ငံသမိုင်းကြောင်းကို လျစ်လျူရှုသည့် “ရောဂါ” ကို အခြားနိုင်ငံများသို့ မကူးစက်စေပါနှင့် ဟု ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
俄总统新闻秘书:俄罗斯没有忘记日本军国主义
新华社莫斯科9月8日电(记者王作葵)俄罗斯总统新闻秘书佩斯科夫8日就日本要求俄拆除战胜军国主义日本的纪念碑一事表示,俄罗斯并没有忘记日本军国主义,没有忘记在与日本军国主义斗争中所获得的胜利。
俄远东哈巴罗夫斯克市4日为一座纪念战胜军国主义日本的纪念碑举行揭幕仪式。该纪念碑是俄目前最大的纪念战胜军国主义日本的纪念碑。佩斯科夫在新闻发布会上回答记者提问时说:“很难说日本忘记了什么、记住了什么,但俄罗斯没有忘记。”
俄罗斯外交部发言人扎哈罗娃此前针对日本首相高市早苗要求俄拆除纪念碑一事回应说,这如同要求“不要刮风和太阳停止发光”一样荒谬,不要把无视本国历史的“病”传染给其他国家。(完)
图说:这是2025年3月18日在俄罗斯首都莫斯科拍摄的克里姆林宫。新华社记者白雪骐摄








