
ဦလန်ဘာတာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မွန်ဂိုလီးယားနိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမ ရှစ်လအတွင်း ယခင်နှစ်ကာလတူထက် ၃၆.၈ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂၂.၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အမျိုးသား စာရင်းအင်းရုံး (NSO) က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
ဇန်နဝါရီမှ ဩဂုတ်အထိကာလအတွင်း မွန်ဂိုလီးယားနိုင်ငံသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရရှိခဲ့ကြောင်း NSO က ပြောကြားခဲ့သည်။
နိုင်ငံခြားကုန်သွယ်မှု သိသိသာသာမြင့်တက်လာရခြင်းမှာ အဓိကအားဖြင့် သတ္တုတွင်းထွက်ပို့ကုန်များ မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ယင်းသည် အဆိုပါကာလအတွင်း နိုင်ငံစုစုပေါင်းပို့ကုန်၏ ၉၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့သည်။
အာရှနိုင်ငံတစ်ခုဖြစ်သည့် မွန်ဂိုလီးယားနိုင်ငံသည် ယခုနှစ်ပထမရှစ်လအတွင်း ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနယ်ပယ်ပေါင်း ၁၅၅ ခု နှင့် ကုန်သွယ်မှုပြုလုပ်ခဲ့သည်။ ၎င်းတို့အနက် တရုတ်နိုင်ငံသည် မွန်ဂိုလီးယားနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။ (Xinhua)
...................
(English Version)
Mongolia's foreign trade turnover surges nearly 37 pct in first 8 months
ULAN BATOR, Sept. 9 (Xinhua) -- Mongolia's foreign trade turnover rose 36.8 percent year-on-year to 22.8 billion U.S. dollars in the first eight months of 2026, data released by the National Statistics Office (NSO) showed Wednesday.
During the January-August period, Mongolia recorded a trade surplus of 6 billion dollars, the NSO said.
The significant increase in foreign trade was largely driven by a surge in mining exports, which accounted for nearly 90 percent of the country's total exports during the period.
The Asian country traded with 155 economies worldwide in the first eight months of the year. Among them, China maintained its position as Mongolia's largest trading partner.
Photo caption: A cargo vehicle passes the highway port of Erenhot, the largest land port on the China-Mongolia border, in north China's Inner Mongolia Autonomous Region, Dec. 16, 2023. (Photo by Guo Pengjie/Xinhua)








