အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင်ကျင်းပသည့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ဘောလုံးပွဲစဉ်၌ ဘရာဇီးနိုင်ငံမှ ပါလ်မီးရက်စ်နှင့်ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်နေစဉ် ဘောလုံးကန်သွင်းရန် ကြိုးပမ်းနေသည့် ပါလ်မီးရက်စ်အသင်းမှ Vitor Roque (ယာ) ကို ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင်ကျင်းပသည့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ဘောလုံးပွဲစဉ်၌ ဘရာဇီးနိုင်ငံမှ ပါလ်မီးရက်စ်နှင့်ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်နေစဉ် ဘောလုံးကန်သွင်းရန် ကြိုးပမ်းနေသည့် ပါလ်မီးရက်စ်အသင်းမှ Vitor Roque (ယာ) ကို ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပါလ်မီးရက်စ်အသင်းသည် အာဂျင်တီးနားနောက်ခံလူ Agustín Giay ၏ ပထမပိုင်းသွင်းဂိုးနှင့် စက်တင်ဘာ ၉ ရက် ကိုပါလစ်ဘာတာဒိုးရက်စ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ LDU Quito အသင်းကို အိမ်ကွင်းတွင် ၁-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

ပါလ်မီးရက်စ်အသင်းက ပွဲချိန် ၂၆ မိနစ်တွင် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။ Vitor Roque ၏ ကန်ချက်ကို ဂိုးသမား Gonzalo Valle  ကာကွယ်ရာမှ ပြန်ထွက်လာသောဘောလုံးကို Giay က ခုန်၍ခေါင်းတိုက်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။

ဧည့်သည်အသင်းသည် ဘောလုံးပိုင်ဆိုင်မှု ၃၉ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးပေါက်အတည့်ကန်နိုင်သည့် ကန်ချက်မှာလည်း ၂ ကြိမ်သာ ရှိခဲ့သည်။

အဆုံးအဖြတ်ဖြစ်မည့် ဒုတိယအကျော့ပွဲစဉ်ကို စက်တင်ဘာ ၁၆ ရက်တွင် အီကွေဒေါမြို့တော် Quito ၌ ပြုလုပ်မည်ဖြစ်သည်။

စက်တင်ဘာ ၉ ရက်တွင်ကျင်းပသည့် တစ်ပွဲတည်းသော အခြား ကိုပါလစ်ဘာတာဒိုးရက်စ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဘရာဇီးအသင်းကိုရင်သီယန်စ်သည် အာဂျင်တီးနားကလပ်အသင်း Estudiantes ကို အဝေးကွင်းတွင် ၁-၁ ရလဒ်ဖြင့် သရေကျခဲ့သည်။ (Xinhua)

…………….

(English Version)

Palmeiras edges toward Libertadores semifinals

SAO PAULO, Sept. 9 (Xinhua) -- Argentine defender Agustin Giay scored in the first half as Palmeiras edged to a 1-0 home win over LDU Quito in the first leg of their Copa Libertadores quarterfinal on Wednesday.

Palmeiras took the lead through Giay's 26th-minute diving header after Vitor Roque's effort was parried away by goalkeeper Gonzalo Valle.

The visitors controlled just 39 percent of possession and could manage only two shots on target.

The decisive second leg will be played in Ecuador's capital Quito next Wednesday (September 16).

In Wednesday's only other Copa Libertadores quarterfinal first-leg fixture, Brazil's Corinthians clinched a 1-1 away draw with Argentine side Estudiantes.

Photo caption: Palmeiras' Vitor Roque (R) shoots during the round of 16 football match between Brazil's Palmeiras and Brazil's Botafogo at the FIFA Club World Cup 2025 in Philadelphia, the United States, June 28, 2025. (Xinhua/Li Rui)