
ကျိုချွမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီ ၀၀ မိနစ်တွင် တရုတ်နိုင်ငံသည် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March 4B သယ်ဆောင်ရေးဒုံးပျံကို အသုံးပြု၍ အဝေးထိန်းအာရုံခံဂြိုဟ်တု Yaogan-53 01-03 နှင့် Yaogan-56 01-03 အုပ်စုများမှ ဂြိုဟ်တုများကို အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ဂြိုဟ်တုများသည် သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ ချောမွေ့စွာ ရောက်ရှိခဲ့ပြီး လွှတ်တင်ရေးမစ်ရှင်မှာ အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။
Yaogan-53 01-03 နှင့် Yaogan-56 01-03 ဂြိုဟ်တုများကို သိပ္ပံနည်းကျ စမ်းသပ်မှုများ၊ မြေယာသယံဇာတ စစ်တမ်းကောက်ယူမှု၊ စိုက်ပျိုးရေးထွက်ကုန် အထွက်နှုန်းခန့်မှန်းချက်နှင့် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးစသည့် နယ်ပယ်များတွင် အဓိက အသုံးပြုသွားမည်ဖြစ်သည်။
ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၆၆၆ ကြိမ်မြောက် ပျံသန်းမှုဖြစ်သည်။ (Xinhua)


.............................
(Chinese Version)
中国成功发射遥感五十三号01-03星、遥感五十六号01-03星
新华社酒泉9月10日电(李国利、张艳)9月10日17时00分,我国在酒泉卫星发射中心使用长征四号乙运载火箭,成功将遥感五十三号01-03星、遥感五十六号01-03星发射升空,卫星顺利进入预定轨道,发射任务取得圆满成功。
遥感五十三号01-03星、遥感五十六号01-03星主要用于科学试验、国土资源普查、农产品估产和防灾减灾等领域。
这次任务是长征系列运载火箭的第666次飞行。(完)
图说:9月10日17时00分,我国在酒泉卫星发射中心使用长征四号乙运载火箭,成功将遥感五十三号01-03星、遥感五十六号01-03星发射升空,卫星顺利进入预定轨道,发射任务取得圆满成功。新华社发(汪江波摄)








