တူကီယဲနိုင်ငံ အန်ကာရာမြို့တွင် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အန်ကာရာမြို့တွင် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီသည် စက်တင်ဘာ ၁၀ ရက်တွင် Alberta ပြည်နယ်၊ Calgary မြို့၌ ခရီးစဉ်ရောက်ရှိနေသော ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ စစ်ဘက်သုံးမောင်းသူမဲ့လေယာဉ် (ဒရုန်း) ထုတ်လုပ်မှုကို ပူးပေါင်းတိုးချဲ့ရန် နှစ်ဖက်က ဆုံးဖြတ်ခဲ့ပြီး ရရှိခဲ့သော သဘောတူညီချက်အသစ်များစွာကိုလည်း ကြေညာခဲ့ကြောင်း သိရသည်။

ကနေဒါဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ ကနေဒါနိုင်ငံသည် နိုင်ငံတစ်ဝန်း စစ်ဘက်သုံးဒရုန်းဆိုင်ရာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပြီး ယူကရိန်း၏ “Brave1” ဒရုန်းပလက်ဖောင်းကို နမူနာယူ၍ ဒရုန်းနှင့် ဒရုန်းတိုက်ဖျက်ရေးစနစ်များ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝယ်ယူရေးနှင့် ဖြန့်ကြက်ရေးတို့ကို အရှိန်မြှင့်ကာ ကနေဒါစစ်တပ်နှင့် ကမ်းခြေစောင့်တပ်တို့၏ ပစ္စည်းကိရိယာများ ထောက်ပံ့ရေးကို အာမခံသွားမည်ဖြစ်ကြောင်း၊ ကနေဒါဘက်က ကနေဒါဒေါ်လာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၆.၁၅ သန်းခန့်) တန်ဖိုးရှိ ပထမအသုတ် ဝယ်ယူမှုစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှစ်ဘက်သည် “ကနေဒါ-ယူကရိန်း ရာစုနှစ် မိတ်ဖက်ဆက်ဆံရေး ကြေညာချက်” နှင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ပူးတွဲကြေညာချက်တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ကနေဒါဘက်က ယူကရိန်းအတွက် အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များစွာကို ကြေညာခဲ့ပြီး ယင်းတို့တွင် ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ဒုံးကျည်များ ဝယ်ယူရေး၊ ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများ ထိန်းသိမ်းပြုပြင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး နှင့် ယူကရိန်း၏ အဓိကကျသော သတ္တုတွင်းထွက်ပစ္စည်း ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးရေးတို့ ပါဝင်သည်။ (Xinhua)

………………….

(Chinese Version)

加拿大与乌克兰合作扩大军用无人机生产

新华社渥太华9月10日电(记者林威)加拿大总理马克·卡尼10日在艾伯塔省卡尔加里市与到访的乌克兰总统泽连斯基举行会晤。双方决定合作扩大军用无人机生产,并宣布达成一系列新协议。  

根据加总理办公室发布的新闻稿,加拿大将建立一个军用无人机全国性数字平台,以乌克兰“勇敢一号”无人机平台为蓝本,加快无人机及反无人机系统研发、采购和部署,保障加军及海岸警卫队的装备供应。加方已签署首批价值5000万加元(约3615万美元)的采购合同。  

此外,双方签署了《加乌百年伙伴关系宣言》以及加强国防与安全合作的联合宣言。加方宣布多项对乌援助及合作计划,包括采购乌防空拦截弹、维护与重建乌能源基础设施,以及帮助乌克兰发展关键矿产生产等。(完)

图说:7月8日,在土耳其安卡拉,加拿大总理卡尼出席北约峰会。新华社发(穆斯塔法·卡亚摄)