
မက်ဒရစ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းအနေဖြင့် အသက် ၁၈ နှစ်အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး ဟမ်ဇာ အက်ဘ်ဒယ်ကာရင်နှင့် ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ သက်တမ်းရှိမည့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း အသင်းက စက်တင်ဘာ ၁၁ ရက်၌ ကြေညာခဲ့သည်။
ကလပ်အသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အဆိုပါသတင်းသည် အက်ဘ်ဒယ်ကာရင်အား အီဂျစ်ကလပ်အသင်း Al-Ahly ထံမှ အငှားစာချုပ်ဖြင့် ကနဦး၌ ခေါ်ယူခဲ့ပြီးနောက် အပြီးသတ်ပြောင်းရွှေ့ခွင့်ရရှိအောင် ဘာစီလိုနာအသင်းက လုပ်ဆောင်ခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အက်ဘ်ဒယ်ကာရင်သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အီဂျစ်လက်ရွေးစင်အသင်း၌ ပါဝင်ကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားဖူးသည့် အသက်အငယ်ဆုံး အီဂျစ်ကစားသမားဖြစ်လာခဲ့သည်။
ထို့နောက် အက်ဘ်ဒယ်ကာရင်သည် ရာသီကြိုလေ့ကျင့်မှုများအတွက် ဘာစီလိုနာအသင်းသို့ ခေါ်ယူခြင်းခံခဲ့ရပြီး ကြိုတင်ပြင်ဆင်ရေးပွဲစဉ်များတွင် ၄ ဂိုး သွင်းယူကာ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သည်။ ယင်းနောက် သြဂုတ် ၃၁ ရက်တွင် ရာယိုဗယ်လက်ကာနိုအသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်ဖြင့် စပိန်လာလီဂါပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ကို ရရှိခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် အက်ဘ်ဒယ်ကာရင်နှင့် စာချုပ်သစ်ချုပ်ဆိုလိုရသည့် အကြောင်းရင်းတစ်ခုမှာ Al-Ahly ကလပ်အသင်းမှ ပြောင်းရွှေ့လာစဉ် ချုပ်ဆိုခဲ့သော ကနဦးစာချုပ်တွင် ၎င်း၏ စာချုပ်ဖျက်သိမ်းကြေးပမာဏကို ယူရို ၁၅ သန်း (အမေရိကန်ဒေါ်လာ ၁၇.၄ သန်း) အဖြစ် သတ်မှတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ မကြာသေးမီလများအတွင်း ၎င်း၏ တိုးတက်ပြောင်းလဲလာမှုများကို ကြည့်လျှင် ထိုပမာဏသည် နိမ့်လွန်းသည်ဟု ကလပ်အသင်းက ယူဆထားသလို ယင်းအချက်သည် ၎င်းလူငယ်ကစားသမားအား ပြိုင်ဘက်အသင်းများအတွက် ဆွဲဆောင်မှုရှိသော ပစ်မှတ်ဖြစ်စေသည်ဟုလည်း ရှုမြင်နေကြောင်း သိရသည်။ (Xinhua)

.................................
(English Version)
FC Barcelona agrees new contract with 18-year-old Egyptian Hamza Abdelkarim
MADRID, Sept. 11 (Xinhua) -- FC Barcelona announced on Friday that it has reached an agreement for 18-year-old Egyptian international striker Hamza Abdelkarim to sign a new contract until the end of June 2030.
The news, published on the club website, comes only months after Barcelona made Abdelkarim's move to the Camp Nou permanent after he initially joined on loan from Egyptian team Al-Ahly.
The player formed part of Egypt's squad at the 2026 World Cup, where he became the youngest Egyptian player to ever feature at the tournament.
He was then called into Barcelona's squad for pre-season training and impressed, scoring four goals in preparation games, before making his La Liga debut on August 31st in a 5-2 win over Rayo Vallecano.
One reason Barcelona wanted Abdelkarim to sign a new contract is that his initial deal after joining from Al-Ahly left his release clause at 15 million euros (17.4 million U.S. dollars), and given his progress in recent months, the club believes that is too low and makes the youngster a tempting target for its rivals. ■
Photo caption 1: Barcelona's players celebrate after Barcelona won the 61st Joan Gamper Trophy football match between FC Barcelona and Al Ahly FC in Barcelona, Spain, Aug. 19, 2026. (Photo by Joan Gosa/Xinhua)
Photo caption 2: FC Barcelona's Hamza Abdelkarim celebrates his goal during the 61st Joan Gamper Trophy football match between FC Barcelona and Al Ahly FC in Barcelona, Spain, Aug. 19, 2026. (Photo by Joan Gosa/Xinhua)








