တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင် ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင် ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)၊ တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်ရန် ပိုမိုများပြားသည့် နိုင်ငံခြားကုမ္ပဏီများ ရွေးချယ်လာကြကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာနှင့်အတူ ဆန်းသစ်တီထွင်မှု အကျိုးအမြတ်များကို အတူမျှဝေကာ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ 

ယင်းနေ့တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) သည် မကြာမီရက်ပိုင်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆန်းသစ်တီထွင်မှုညွှန်းကိန်း ထိပ်တန်းဆန်းသစ်တီထွင်မှု အစုအဖွဲ့ ၁၀၀ ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဆန်းသစ်တီထွင်မှုအစုအဖွဲ့ ၂၅ ခုဖြင့် လေးနှစ်ဆက်တိုက် ကမ္ဘာ့ပထမအဆင့်တွင် ရပ်တည်လျက်ရှိကြောင်း၊ အစုအဖွဲ့ပမာဏအလိုက် အဆင့်သတ်မှတ်ရာတွင် "ဆန်းကျန့်-ဟောင်ကောင်-ကွမ်ကျိုး" အစုအဖွဲ့သည် ပထမနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ၊ ဆန်းသစ်တီထွင်မှုသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မောင်းနှင်အားတစ်ခုဖြစ်လာပြီး ကမ္ဘာကြီးသည် တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုမှရရှိသော အကျိုးအမြတ်များနှင့် အခွင့်အလမ်းများကို တည့်မတ်စွာ ရှုမြင့်သင့်သည်ဟု သုံးသပ်ချက်များက ယူဆကြကြောင်း၊ ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

"ကျွန်မအနေနဲ့ သက်ဆိုင်ရာ အစီရင်ခံစာကို သတိပြုမိပါတယ်" ဟု မော်နင်က ပြောကြားခဲ့ပြီး ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးကို ရေရှည်ကောင်းမွန်စေရန်နှင့် စက်မှုလုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်းကို လျင်မြန်စွာမြှင့်တင်ရန်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်နင်က တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာကြီးအတွက် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပြီး ပိုမိုများပြားသည့် နိုင်ငံခြားကုမ္ပဏီများက တရုတ်နိုင်ငံ၌ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)၊ တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်လျက်ရှိကာ တရုတ်နိုင်ငံ၏ ကြီးမားလှသောစျေးကွက်တွင် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို ပျိုးထောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံရဲ့ ဆန်းသစ်တီထွင်မှုက လက်ဝါးကြီးအုပ်ဖို့ ဘယ်သောအခါမှ ကြိုးပမ်းမှာမဟုတ်သလို ကျွန်မတို့အနေနဲ့ ကမ္ဘာနဲ့အတူ ဆန်းသစ်တီထွင်မှုဆိုင်ရာ အကျိုးအမြတ်များကို အတူမျှဝေကာ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားလိုပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

外交部:中方愿与世界共享创新红利,实现共同发展

新华社北京9月11日电(记者邵艺博、万倩仪)外交部发言人毛宁11日表示,越来越多的外国企业选择研发在中国、创新在中国。中方愿与世界共享创新红利,实现共同发展。   

当日例行记者会上,有记者问:世界知识产权组织近日发布《2026年全球创新指数》百强创新集群报告。中国凭借25个全球百强创新集群,连续第四年位居上榜集群数量世界第一。按集群规模排名,“深圳—香港—广州”集群蝉联第一。评论认为,创新已经成为中国发展的重要动力,世界应该正视中国创新带来的红利和机遇。发言人对此有何评论?   

“我注意到有关报告。”毛宁说,创新驱动是中国经济长期向好、产业竞争力快速提升的关键密码。   

毛宁表示,中国的创新发展也为世界提供了机遇,越来越多的外国企业选择研发在中国、创新在中国,在中国大市场培育全球竞争力。“中国的创新从不谋求垄断,我们愿与世界共享创新红利,实现共同发展。”(完)