
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ခရူဇီယိုအသင်းသည် ဥရုဂွေးဘယ်နောက်ခံလူ မာတီယက်စ်ဗီနာကို ဖလာမင်ဂိုအသင်းထံမှ ယခုရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း နှစ်သင်းလုံးက စက်တင်ဘာ ၁၀ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဖလာမင်ဂိုအသင်းနှင့် ၂၀၂၈ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်ကျန်ရှိနေသေးသည့် အသက် ၂၈ နှစ်အရွယ် ဗီနာသည် အပြီးသတ်ဝယ်ယူခွင့်အပါအဝင် အငှားစာချုပ်ဖြင့် ခရူဇီယိုအသင်းတွင် ဒီဇင်ဘာလအထိ သွားရောက်ကစားမည်ဖြစ်သည်။
ဗီနာသည် ၂၀၂၄ ခုနှစ်တွင် ရိုးမားအသင်းမှ ဖလာမင်ဂိုအသင်းသို့ ပြောင်းရွှေ့လာခဲ့သော်လည်း ရီယိုဒီဂျနေးရိုးအခြေစိုက်အသင်းအတွက် ၃၂ ပွဲသာ ပါဝင်ကစားခဲ့ပြီး ဇန်နဝါရီတွင် ရေးဗားပလိတ်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့သည်။ ဒဏ်ရာပြဿနာများနှင့်ခြေစွမ်းမပြနိုင်မှုတို့ကြောင့် အာဂျင်တီးနားကလပ်တွင်လည်း ၁၄ ပွဲသာ ပါဝင်ကစားခဲ့ရသည်။
လက်ရှိတွင် ခရူဇီယိုအသင်းသည် ဘရာဇီးစီးရီးအေ အမှတ်ပေးဇယားတွင် ၄၂ မှတ် ရရှိထားပြီး အသင်း ၂၀ အနက် အဆင့် ၆ နေရာ၌ရပ်တည်နေကာ ထိပ်ဆုံးမှ ဖလာမင်ဂိုအသင်းထက် ၁၂ မှတ် လျော့နည်းနေသည်။
ပြီးခဲ့သည့်လက ဆော်ဒီအာရေးဗျကလပ် Neom မှ အငှားဖြင့် ရောက်ရှိလာသည့် တိုက်စစ်မှူး လူစီယာနိုရိုဒရီဂက်ဇ် ပြီးနောက် ဗီနာသည် ခရူဇီယိုအသင်း၏ လက်ရှိလူစာရင်းတွင် ဒုတိယမြောက်မြင်တွေ့ရသည့် ဥရုဂွေးကစားသမားတစ်ဦးလည်းဖြစ်သည်။ (Xinhua)
…………….
(English Version)
Cruzeiro signs defender Matias Vina on loan
RIO DE JANEIRO, Sept. 11 (Xinhua) -- Cruzeiro has signed Uruguayan left-back Matias Vina on loan from Flamengo for the rest of the season, both clubs said on Friday.
The 28-year-old, who is contracted to Flamengo until December 2028, will be tied to Cruzeiro until December with an option to buy.
Vina joined Flamengo from Roma in 2024 but made just 32 appearances for the Rio de Janeiro club before moving to River Plate on loan in January. Injuries and poor form limited him to 14 outings with the Argentine side.
Cruzeiro is currently sixth in Brazil's 20-team Serie A standings with 42 points, 12 behind leader Flamengo.
He is one of two Uruguayans in Cruzeiro's current squad, joining forward Luciano Rodriguez, who also arrived on loan last month from Saudi Arabia's Neom.
Photo caption: Juventus' Paulo Dybala (L) vies with Roma's Matias Vina during their Serie A football match in Rome, Italy, Jan. 9, 2022. (Photo by Augusto Casasoli/Xinhua)








