တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဖိန်လုတူးမြောင်း ရေကြောင်းသွားလာမှု ကဏ္ဍစုံ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်စဉ်အတွင်း ပါဝင်လေ့ကျင့်သည့် သင်္ဘောတစ်စင်း ချင်းကျိုးမြို့ရှိ ရေပြင်ဝန်ဆောင်မှုဇုန်သို့ ဝင်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဖိန်လုတူးမြောင်း ရေကြောင်းသွားလာမှု ကဏ္ဍစုံ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်စဉ်အတွင်း ပါဝင်လေ့ကျင့်သည့် သင်္ဘောတစ်စင်း ချင်းကျိုးမြို့ရှိ ရေပြင်ဝန်ဆောင်မှုဇုန်သို့ ဝင်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဖိန်လုတူးမြောင်းသည် အနောက်ပိုင်းဒေသ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း စင်္ကြံသစ်၏ အဓိက စီမံကိန်းဖြစ်သည့်အပြင် "ရပ်ဝန်းနှင့် ပိုးလမ်းမ" ကို အပြန်အလှန် စနစ်တကျ ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတား စီမံကိန်းလည်း ဖြစ်ရာ ကွမ်ရှီးဒေသ ပင်လယ်ဆီသို့ မျက်နှာမူ၍ အားကောင်းစွာ တိုးတက်ရေးကို တွန်းအားပေးရန်၊ ခေတ်သစ် အနောက်ပိုင်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်နှင့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးတွင် ပါဝင်အကျိုးပြုရန်အတွက် လွန်စွာ အရေးပါလှသည်။

ကွမ်ရှီးဒေသသည် “အဓိကဝင်ရိုးတစ်ခုဖြင့် ဦးဆောင်၍ ဘေးနှစ်ဖက် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကုန်းကြောင်း-ပင်လယ်ရေကြောင်း ပေါင်းစပ်ညှိနှိုင်း၍ နယ်ပယ်ပေါင်းစုံ ပင်လယ်ဆီသို့ ရှေးရှုခြင်း” ဟူသော အထွေထွေ အခင်းအကျင်းကို အခြေခံ၍ ဖိန်လုတူးမြောင်း စီးပွားရေးရပ်ဝန်းကို ပင်မမဏ္ဍိုင်အဖြစ် ထားရှိပြီး ကျန်ဒေသများကို အကိုင်းအခက်များအဖြစ် ထားရှိသည့် “သစ်ရွက်အကြော ပုံသဏ္ဌာန်” ပင်လယ်ထွက်ပေါက် စက်မှုကွန်ရက်ကို အဓိကထား ပုံဖော်လျက်ရှိသည်။ တူးမြောင်း ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်ရေး ပေါင်းကူးတံတားကို အမှီပြု၍ RCEP မူဝါဒ အကျိုးအမြတ်များကို တိကျစွာ ရယူကာ ကုန်စည်ကူးသန်းမှု လွယ်ကူချောမွေ့မှု အဆင့်ကို မြှင့်တင်လျက် တရုတ်-အာဆီယံ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအသိုက်အဝန်း တည်ဆောက်ရေးကို အားဖြည့်ပေးလျက်ရှိသည်။ ထို့ပြင် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ၊ ယန်ဇီမြစ် စီးပွားရေးရပ်ဝန်း၊ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း စသည့် အရေးပါသော မဟာဗျူဟာများမှ ရရှိသော အခွင့်အလမ်းများကို တက်ကြွစွာ ချိတ်ဆက်ကာ ဒေသဖြတ်ကျော် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ကုန်းလမ်း-ပင်လယ်ရေကြောင်း စနစ်တကျ ပေါင်းစပ်မှု၊ ပြည်တွင်းပြည်ပ ချိတ်ဆက်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ် တည်ဆောက်ရေးတွင် ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးလျက်ရှိသည်။

ဖိန်လုတူးမြောင်း၏ စုစုပေါင်းအရှည်မှာ ၁၃၄.၂ ကီလိုမီတာရှိပြီး ပြည်တွင်းရေကြောင်း အဆင့် (၁) ရေလမ်းကြောင်းအတိုင်း တည်ဆောက်ထားရာ တန်ချိန် ၅,၀၀၀ အဆင့်ရှိ သင်္ဘောများ သွားလာခုတ်မောင်းနိုင်သည်။ ယင်းတူးမြောင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း နိုင်ငံတော်အဆင့် စနစ်တကျ စီမံကိန်းချ တည်ဆောက်သည့် ပထမဆုံးသော မြစ်နှင့်ပင်လယ်ကို ချိတ်ဆက်ပေးသည့် တူးမြောင်းဖြစ်ကာ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ဆောက်လုပ်ပြီးစီး၍ ရေကြောင်းသွားလာနိုင်ရန် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

向海而兴 平陆运河为高水平开放合作注入新动能

  平陆运河作为西部陆海新通道的骨干工程和有机衔接“一带一路”的纽带工程,对推动广西向海图强、促进新时代西部大开发、服从服务于构建更为紧密的中国—东盟命运共同体具有重大意义。

  广西正立足“一轴牵引、两翼联动,陆海统筹、全域向海”总体布局,着力打造以平陆运河经济带为主脉、全区其余区域为支脉的“叶脉式”向海产业布局,依托运河开放纽带,精准抢抓RCEP政策红利,提升通关便利化水平,赋能中国—东盟产业合作区建设;主动对接粤港澳大湾区、长江经济带、海南自贸港等重大战略,深化跨区域协同发展,在陆海统筹、内外联动中更好服务构建新发展格局。

  平陆运河全长134.2公里,按内河Ⅰ级航道建设,可通航5000吨级船舶,是新中国成立以来首条国家层面统筹建设的通江达海运河,于2022年8月28日开工建设,将于今年9月16日建成通航。

图说 1 :在平陆运河船舶通航全要素综合演练期间,参与演练的船舶驶入钦州水上服务区(9月4日摄)。新华社记者 曹祎铭 摄

图说 2 : 这是9月3日在广西钦州市拍摄的北部湾港钦州自动化集装箱码头,这里是西部陆海新通道的重要组成部分,同时也是离平陆运河最近的海港。新华社记者 曹祎铭 摄