
သွန်းဟွမ် (ကန်းစု)၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
လတ်တလောနှစ်များအတွင်း ဟယ်ရှီးစင်္ကြံ၏ အနောက်ဘက် အစွန်ဆုံးတွင် တည်ရှိသော ကန်းစုပြည်နယ်၊ သွန်းဟွမ်မြို့ သည် မိမိတို့ဒေသ၏ လေစွမ်းအင် အရင်းအမြစ် အားသာချက်ကို အပြည့်အဝ အသုံးပြု၍ လေစွမ်းအင် လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၂ ခုနှစ်တွင် ပထမဆုံးသော လေစွမ်းအင် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို သွန်းဟွမ်မြို့၊ ပေဟူ လေစွမ်းအင်စခန်း၌ ဓာတ်အားလိုင်း ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား စတင်ထုတ်လွှတ်ခဲ့သည်။ နှစ်အနည်းငယ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက် လက်ရှိ၌ တစ်မြို့လုံးတွင် တည်ဆောက်ပြီးစီးသွားသည့် လေစွမ်းအင်စီမံကိန်း ပမာဏမှာ ၁.၀၈ သန်း ကီလိုဝပ် ရှိလာခဲ့ပြီး တည်ဆောက်ဆဲနှင့် တည်ဆောက်ရန် ပြင်ဆင်နေသည့် စီမံကိန်းများမှာ ၁.၉၅ သန်း ကီလိုဝပ်ခန့် ရှိသဖြင့် လေစွမ်းအင် ကဏ္ဍ၏ ရှေ့လာမည့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှာ ကျယ်ပြန့်ကောင်းမွန်လှသည်။ (Xinhua)
------------------
(Chinese Version)
甘肃敦煌:利用资源优势 发展风电产业
近年来,地处河西走廊最西端的甘肃省敦煌市充分发挥风资源优势,大力发展风电产业。2022年,首个风电项目在敦煌市北湖风电基地并网发电,经过几年发展,目前全市已建成风电项目108万千瓦,在建及待建项目约195万千瓦,风电产业发展前景广阔。
图说 1 :9月13日,运维人员在甘肃省敦煌市北湖风电基地1#330千伏升压站巡查。新华社发(张晓亮摄)
图说 2 :9月13日在甘肃省敦煌市北湖风电基地拍摄的风电场。新华社发(张晓亮摄)








