
ဘာလင်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဂျာမနီလုပ်ငန်းကုမ္ပဏီများ၏ တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုသည် အတန်အသင့် အဆင့်မြင့်မားသော အနေအထားကို ထိန်းထားကြောင်း၊ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အသစ်ထပ်တိုးသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ယမန်နှစ်ကာလတူထက် သုံးပုံတစ်ပုံခန့် မြင့်တက်လာကြောင်း ဂျာမန်စီးပွားရေး အင်စတီကျု (IW) ၏ စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်သော သုံးသပ်မှုအစီရင်ခံစာအရ သိရသည်။
အစီရင်ခံစာသည် ဂျာမနီနိုင်ငံဗဟိုဘဏ်၏ အချက်အလက်များအရ သုံးသပ်ထားကာ ယခုနှစ် ပထမနှစ်ဝက်တွင် ဂျာမနီလုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံ၌ အသစ်ထပ်တိုးသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယူရို ၅.၆ ဘီလီယံရှိလာကြောင်း ဖော်ပြထားသည်။ ယင်းအင်စတီကျု၏ ထိုမတိုင်မီ သုံးသပ်မှုများတွင် ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံး ဂျာမနီ လုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံ၌ အသစ်ထပ်တိုးသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယူရို ၇ ဘီလီယံခန့် ရှိကြောင်း ဖော်ပြထားသည်။
ဂျာမနီလုပ်ငန်းကုမ္ပဏီ အများစုက တရုတ်ဈေးကွက်ကို ဆက်လက်အလေးထားကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ အစီရင်ခံစာသည် တရုတ်နိုင်ငံ ဂျာမနီစီးပွားလုပ်ငန်းအသင်း၏ စုံစမ်းစစ်ဆေးမှုကို ကိုးကား၍ တရုတ်နိုင်ငံတွင်ရှိသော ဂျာမနီလုပ်ငန်းကုမ္ပဏီ ၈၅ ရာခိုင်နှုန်းကျော်မှာ လက်ရှိလုပ်ငန်းပမာဏကို ထိန်းထားရန် သို့မဟုတ် တိုးချဲ့ရန် အစီအစဉ်ရှိပြီး လုပ်ငန်းကုမ္ပဏီ ထက်ဝက်ကျော်က ရင်းနှီးမြှုပ်နှံမှုအား တစ်ဆင့်တိုး မြှင့်တင်ရန် အစီအစဉ်ရှိကြောင်း ဖော်ပြထားသည်။
ဂျာမန်စီးပွားရေး အင်စတီကျု (IW) ကျွမ်းကျင်ပညာရှင် Juergen Matthes က ဂျာမနီလုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ဆက်လက်ရွေးချယ်ခြင်း၏ အရေးကြီး အကြောင်းရင်းတစ်ရပ်မှာ တရုတ်နိုင်ငံသည် ဂျာမနီလုပ်ငန်းကုမ္ပဏီများ၏ အရေးပါသော အရောင်းဈေးကွက် ဖြစ်သည်သာမက ၎င်းတို့၏ကိုယ်ပိုင်ယှဉ်ပြိုင်မှုစွမ်းရည်အား မြှင့်တင်သည့် “လေ့ကျင့်မှုနေရာ” တစ်ခုလည်းဖြစ်ကြောင်း၊ ဂျာမနီလုပ်ငန်းကုမ္ပဏီများက တရုတ်ဈေးကွက်၌ အတွေ့အကြုံစုဆောင်းခြင်းသည် ၎င်းတို့အား ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ရာ၌ အောင်မြင်မှုရရှိရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
2026年上半年德企对华投资同比增长三分之一
新华社柏林9月14日电(记者车云龙)德国经济研究所14日发布分析报告显示,德国企业对华投资继续保持较高水平,2026年上半年新增投资同比增长约三分之一。
报告基于德国央行数据分析说,今年上半年,德企对华新增投资额达到56亿欧元。该研究所此前分析显示,2025年全年,德企对华新增投资额约70亿欧元。
报告说,多数德国企业持续看重中国市场。报告援引中国德国商会的调查说,超过85%的在华德企计划维持或扩大目前业务规模,超半数计划进一步增加投资。
德国经济研究所专家于尔根·马特斯表示,德国企业继续选择在中国投资,一个重要原因是中国不仅是德企重要销售市场,也是其提升自身竞争力的“健身房”。德企在中国市场积累经验,有助于其在全球市场竞争中取得成功。(完)
图说:这是5月28日拍摄的华晨宝马第700万辆整车下线仪式现场。新华社记者 潘昱龙 摄








