
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်သည် စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစော၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ အစိုးရ အမြဲတမ်း ဒုတိယဝန်ကြီးချုပ် Pham Gia Tuc ၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ အစိုးရအဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith စသည့် ပြည်ပနိုင်ငံများမှ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိများနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
丁薛祥将出席第23届中国—东盟博览会暨中国—东盟商务与投资峰会开幕式
新华社北京9月16日电 外交部发言人16日宣布:中共中央政治局常委、国务院副总理丁薛祥将于9月17日出席在广西南宁举行的第23届中国—东盟博览会暨中国—东盟商务与投资峰会开幕式并致辞。
缅甸副总统纽梭,越共中央政治局委员、政府常务副总理范家肃,老挝党中央政治局委员、政府常务副总理沙伦赛等外国领导人和高级官员以及东盟秘书长高金洪等将出席开幕式。(完)
图说:2025年9月17日,在广西南宁国际会展中心,人们从展馆外走过。新华社记者 陆波岸 摄








