တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသော ၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသော ၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒမှတစ်ဆင့် တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းရန် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက ၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် စက်တင်ဘာ ၁၆ ရက်၌ အလေးထားပြောကြားခဲ့သည်။

စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လိုက်နာကျင့်သုံးရန်၊ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစည်းစနစ်တို့ကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ရန် တုန်ကျွင်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

............................................

(English Version)

China's defense minister stresses maintaining stability through multilateralism

BEIJING, Sept. 16 (Xinhua) -- Chinese Defense Minister Dong Jun on Wednesday stressed maintaining stability through multilateralism at the opening ceremony of the 13th Beijing Xiangshan Forum.

Dong called for upholding true multilateralism, firmly safeguarding the international system with the United Nations at its core and the international order underpinned by international law. ■

Photo caption : This photo taken on Sept. 16, 2026 shows a scene at the opening ceremony of the 13th Beijing Xiangshan Forum in Beijing, capital of China. (Photo by Han Qiyang/Xinhua)