
ဝန်ချန်း၊ ဟိုင်နန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ကျွန်းပြည်နယ်မှ Long March-12 သယ်ဆောင်ရေးဒုံးပျံကို စက်တင်ဘာ ၁၇ ရက်၌ လွှတ်တင်၍ အင်တာနက်ဂြိုဟ်တုအစုအဝေးတစ်ခုကို အာကာသထဲသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါဒုံးပျံကို ဟိုင်နန်စီးပွားဖြစ်အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ပေကျင်းစံတော်ချိန် နံနက် ၈ နာရီ ၃၂ မိနစ်၌ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ဒုံးပျံတွင် ပါရှိသော ၂၅ ခုမြောက် ဂြိုဟ်ပတ်လမ်းနိမ့် အင်တာနက်ဂြိုဟ်တုအုပ်စုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
China launches new internet satellite group
WENCHANG, Hainan, Sept. 17 (Xinhua) -- China launched a Long March-12 carrier rocket from the southern island province of Hainan Thursday, sending a batch of internet satellites into space.
The rocket lifted off at 8:32 a.m. (Beijing Time) from the Hainan commercial spacecraft launch site. The payloads, the 25th group of low-orbit internet satellites, entered the designated orbit successfully. ■
Photo caption: A Long March-12 carrier rocket carrying the 19th group of low-orbit internet satellites blasts off from the Hainan commercial spacecraft launch site in south China's Hainan Province, Jan. 19, 2026. (Xinhua/Yang Guanyu)








