
ဘာကူး၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
Universal Energy Co., Ltd. မှ ရင်းနှီးမြှုပ်နှံတည်ဆောက်သော ဂိုဘူစတန် မဂ္ဂါဝပ် ၁၀၀ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ မဟာဓာတ်အားလိုင်း ချိတ်ဆက်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်က အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ကျင်းပခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အလီယက်ဗ်က အခမ်းအနားသို့ တက်ရောက်စဉ် ပြောကြားရာ၌ အဇာဘိုင်ဂျန်နှင့် တရုတ်နိုင်ငံတို့သည် ၂၀၂၅ ခုနှစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက်ပိုင်း ကဏ္ဍအသီးသီးရှိ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားပေါ်လွင်သော အချက် ဖြစ်လာခဲ့ရာ တရုတ်လုပ်ငန်းအများအပြား အဇာဘိုင်ဂျန်သို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ ကြီးမားသဖြင့် အစိုးရအနေဖြင့် စွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကာ သန့်ရှင်းသော လျှပ်စစ်ဓာတ်အား ပြည်ပသို့ ရောင်းချနိုင်စွမ်းကို တိုးမြှင့်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ဂိုဘူစတန် မဂ္ဂါဝပ် ၁၀၀ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် Garadagh ခရိုင်တွင် တည်ရှိပြီး ဆိုလာပြား စုစုပေါင်း ၂ သိန်းခန့် ပါဝင်ကာ ၁၁၀ ကီလိုဗို့ ဓာတ်အားခွဲရုံတစ်ရုံကိုလည်း တွဲဖက်တည်ဆောက်ထားသည်။ စီမံကိန်း စတင်လည်ပတ်ပြီးနောက် နှစ်စဉ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကီလိုဝပ်နာရီ သန်း ၂၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကာ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ သုံးစွဲမှု ကုဗမီတာ ၄၅ သန်းခန့် သက်သာစေမည်ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကို တန်ချိန် ၉၇,၀၀၀ ခန့် လျှော့ချပေးနိုင်မည် ဖြစ်သည်။ (Xinhua)

----------------------
(Chinese Version)
中企在阿塞拜疆投资建设的大型光伏项目正式并网
新华社巴库9月17日电(记者刘书辰)由寰泰能源股份有限公司投资建设的戈布斯坦100兆瓦光伏电站项目16日在阿塞拜疆巴库举行并网仪式。
阿塞拜疆总统阿利耶夫在出席仪式期间表示,阿塞拜疆和中国自2025年建立全面战略伙伴关系以来,各领域务实合作进展良好。可再生能源领域成为两国合作亮点,欢迎更多中企来阿投资兴业。阿塞拜疆可再生能源丰富,开发潜力巨大,政府正加快推进能源转型,提升绿色电力出口能力。
戈布斯坦100兆瓦光伏电站项目位于加拉达格区,包含约20万块太阳能电池板,配套建设1座110千伏变电站。项目投入运营后,预计年发电量约2亿千瓦时,每年可节约天然气消耗约4500万立方米,减少碳排放约9.7万吨。
图说 1 :这是9月16日在阿塞拜疆巴库市加拉达格区拍摄的戈布斯坦100兆瓦光伏电站(无人机照片)。新华社/阿新社
图说 2 :这是9月16日在阿塞拜疆巴库市加拉达格区拍摄的戈布斯坦100兆瓦光伏电站的升压站。新华社记者 陈俊锋 摄








