
သည်ဟိတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
နယ်သာလန်ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရှန်ပေါ်နှင့် ပုဂ္ဂလိက နိုင်ငံတကာဥပဒေဆိုင်ရာ သည်ဟိတ်ညီလာခံ (HCCH) ၏ အထွေထွေအတွင်းရေးမှူးချုပ် Christophe Bernasconi တို့သည် စက်တင်ဘာ ၁၆ ရက်တွင် သည်ဟိတ်မြို့၌ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက နိုင်ငံတကာဥပဒေဆိုင်ရာ သည်ဟိတ်ညီလာခံ (HCCH) တို့အကြား ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)” ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
နားလည်မှုစာချွန်လွှာတွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ၏ အရေးပါမှု အနက်အဓိပ္ပာယ်ကို အလေးပေးဖော်ပြပြီး နှစ်ဖက်လုံးအနေဖြင့် GGI ၏ အဓိကအယူအဆ ၅ ရပ်နှင့်ကိုက်ညီမှုရှိသော ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကာ နိုင်ငံတကာဥပဒေနယ်ပယ်တွင် အစီအမံအား လက်တွေ့ဖော်ဆောင်ရေးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာသဘောတူစာချုပ်များ ရေးဆွဲခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ နှီးနှောဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေပြီး နိုင်ငံအသီးသီး၏ “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ချစ်ကြည်ရေးအဖွဲ့ငယ်” အပေါ် နားလည်သိရှိမှုအား မြှင့်တင်ရေးကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရှန်းပေါ်က ယင်းသည် တရုတ်နိုင်ငံက နယ်သာလန်၌ရှိသော နိုင်ငံတကာအဖွဲ့အစည်းနှင့် ပထမဆုံးသော လက်မှတ်ရေးထိုးသည့် GGI လက်တွေ့အကောင်အထည်ဖော်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာရွက်စာတမ်းဖြစ်ပြီး GGI လက်တွေ့အခိုင်အမာအကောင်အထည်ဖော်ရေးအား တစ်ဆင့်တိုး မြှင့်တင်ပေးသည့် နောက်ဆုံးအစီအမံလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ယင်းကို အခွင့်အလမ်းအဖြစ် ထားရှိကာ HCCH နှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးပြီး နိုင်ငံတကာတရားစိုးမိုးရေးနှင့် နိုင်ငံများအကြား ကူးလူးဆက်ဆံရေးကို အတူတကွမြှင့်တင်၍ GGI အယူအဆများကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Bernasconi က GGI ၏ အရေးပါမှု အနက်အဓိပ္ပာယ်နှင့် အဆိုပြုချက်တင်သွင်းပြီး တစ်နှစ်အတွင်း ရရှိခဲ့သော အပြုသဘောဆောင်သည့် တိုးတက်မှုများကို အထူး ချီးကျူးသုံးသပ်ပြောကြားခဲ့သည်။ ထို့ပြင် ယခုအကြိမ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၏ အရေးကြီးမှု အနက်အဓိပ္ပာယ်ကို အပြည့်အဝ အသိအမှတ်ပြုခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ နှီးနှောပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
၁၈၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သော HCCH သည် ပုဂ္ဂလိက နိုင်ငံတကာဥပဒေ စည်းမျဉ်းများကို တစ်သားတည်းဖြစ်စေရန် ရည်ရွယ်သည့် အစိုးရချင်း နိုင်ငံတကာအဖွဲ့အစည်းဖြစ်ကာ လက်ရှိတွင် တရားဝင်အဖွဲ့ဝင် ၉၄ နိုင်ငံရှိသည်။ တရုတ်နိုင်ငံသည် ၁၉၈၇ ခုနှစ် ဇူလိုင်လတွင် တရားဝင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
中国同海牙国际私法会议签署加强全球治理谅解备忘录
新华社海牙9月17日电(记者邵海军 李弘)中国驻荷兰大使申博和海牙国际私法会议秘书长克里斯托夫·贝尔纳斯科尼16日在海牙签署《中华人民共和国外交部与海牙国际私法会议关于合作加强全球治理的谅解备忘录》。
谅解备忘录强调中国提出的全球治理倡议的重大意义,表明双方将以符合全球治理倡议五大核心理念的方式开展合作,促进在国际法领域落实倡议,就制定和落实国际公约加强交流合作,推动各国提升对“全球治理之友小组”的认识等。
申博表示,这是中方同在荷国际组织签署的首份关于落实全球治理倡议的合作文件,也是进一步推动全球治理倡议落地走实的最新举措。中方将以此为契机,进一步推动同海牙国际私法会议的合作,共同促进国际法治和各国交往,推动将全球治理倡议的理念转化为国际合作实践。
贝尔纳斯科尼高度评价全球治理倡议重大意义以及倡议提出一年来的积极进展,充分肯定此次签署谅解备忘录的重要意义,表示愿进一步深化同中方的交流合作。
海牙国际私法会议成立于1893年,是致力于统一国际私法规范的政府间国际组织,现有94个正式成员。中国于1987年7月正式成为成员国。(完)
图说:9月16日,在荷兰海牙,中国驻荷兰大使申博(右)同海牙国际私法会议秘书长克里斯托夫·贝尔纳斯科尼签约后握手。新华社记者 邵海军 摄








