
ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် အမေရိကန်နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ရန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ စက်တင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် အရေးပါသော သဘောတူညီချက်များ၏ လမ်းညွှန်မှုဖြင့် နှစ်ဖက်စလုံးက အပြန်အလှန် အကျိုးအမြတ်ရှိမည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
..............................
(English version)
Chinese Vice Premier He Lifeng to lead delegation to U.S. for trade talks on Sept. 19-23
BEIJING, Sept. 19 (Xinhua) Chinese Vice Premier He Lifeng will lead a delegation to the United States for economic and trade consultations with the U.S. side from September 19 to 23, the Ministry of Commerce announced on Saturday.
The two sides will hold consultations on economic and trade issues of mutual concern, guided by the important consensus reached by the two heads of state. ■
Photo caption: Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, addresses the annual appreciation dinner of the American Chamber of Commerce in the People's Republic of China (AmCham China) in Beijing, capital of China, Feb. 28, 2025. (Xinhua/Yao Dawei)








