
ပြုံယမ်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကာကွယ်ရေးစက်မှုလုပ်ငန်းဌာန၏ လုပ်ငန်းများကို စစ်ဆေးကြည့်ရှုခဲ့ပြီး အရေးကြီးသော စစ်ဘက်စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုအခြေအနေကို လေ့လာခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ စက်တင်ဘာ ၁၉ ရက် သတင်းများအရ သိရသည်။
ကင်ဂျုံအန်းက အင်အားကြီးမားသော အမြောက်တပ်ဖွဲ့အင်အားတည်ဆောက်ခြင်းသည် စစ်ပွဲကို ဟန့်တားခြင်းနှင့် စစ်ပွဲဆင်နွှဲခြင်း၏ အခြေခံအချက်အချာဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီက ကာကွယ်ရေးအင်အား ခေတ်မီအသွင်ပြောင်းရေးတွင် ရရှိခဲ့သော အောင်မြင်မှုများသည် မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့အင်အား၏ ဖွဲ့စည်းမှု၊ နည်းလမ်းများနှင့် စစ်ပွဲတုံ့ပြန်ရေးအစီအစဉ်များတွင် အရေးပါသော အပြောင်းအလဲ ဖြစ်ပေါ်လာသည့်အနက်အဓိပ္ပာယ်ကို ဖော်ဆောင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကင်ဂျုံအန်းသည် အရေးကြီးသော စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှု၊ လည်ပတ်မှုလုပ်ငန်းနှင့် ပတ်သက်၍ အရေးကြီးသော မူဝါဒဆိုင်ရာ တာဝန်များကို ချမှတ်ခဲ့ပြီး ထုတ်လုပ်မှုစွမ်းရည် တိုးချဲ့ခြင်းနှင့် နည်းပညာလုပ်ငန်းစဉ်များ ခေတ်မီတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန်၊ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးကဏ္ဍ တိုက်ခိုက်ရေးလက်နက်စနစ်များ၏ ဉာဏ်ရည်တုအဆင့်ကို မြှင့်တင်ရန်၊ အမြောက်လက်နက်များ၏ သံချပ်ကာအသွင်နှင့် အလိုအလျောက်အသွင်စနစ်ကို တစ်ဆင့်တိုး ပိုမိုမြှင့်တင်ရန်နှင့် ထုတ်လုပ်မှုအခြေအနေနှင့် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း KCNA က ဖော်ပြထားသည်။ (Xinhua)

-----------------------------
(Chinese Version)
金正恩视察国防工业部门工作
新华社平壤9月19日电(记者王天僚)据朝中社19日报道,朝鲜劳动党总书记、国务委员长金正恩16日至18日视察国防工业部门工作,了解重要军工企业的生产情况。
金正恩说,建设强大的炮兵武力是遏制战争和执行战争的基本核心。朝鲜近期在实现国防力量现代化方面取得的成就,意味着朝鲜武装力量的组成、手段以及战争应对计划发生重大变化。
朝中社报道说,金正恩就重要军工企业生产及管理运营提出重要政策任务,要求继续加快扩大产能和技术工序现代化,提高攻击及防御战斗武器系统的人工智能化水平,进一步提升火炮武器装甲化、自动化,改善生产条件和环境。(完)
图说:据朝中社9月19日报道,朝鲜劳动党总书记、国务委员长金正恩16日至18日视察国防工业部门工作,了解重要军工企业的生产情况。新华社/朝中社








