
မက်ဒရစ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေသည့် မှတ်တမ်းကောင်းကို ဆက်လက်ထိန်းထား၍ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပြီး အဆိုပါပွဲစဉ်၌ ရာဖင်ညာက နှစ်ပွဲဆက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။
ပွဲချိန် ၁၉ မိနစ်တွင် ဘယ်ခြမ်းမှ ဖြတ်တင်ပေးသည့် ဘောလုံးကို ယူဆွတ်ဖ် ဖိုဖာနာ ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ဆီဗီလာအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ သို့သော် သုံးမိနစ်အကြာတွင် အန်ဒရေယက်စ် ခရစ္စတန်ဆန် ခင်းပေးလိုက်သည့် ဘောလုံးကို ရာဖင်ညာ လက်ခံရယူကာ အတွင်းသို့ချိုးဝင်၍ တည်တည်ငြိမ်ငြိမ် အဆုံးသတ်နိုင်ခဲ့သဖြင့် ၁-၁ ဂိုး ဖြစ်သွားခဲ့သည်။
ထို့နောက် ပွဲချိန် ၅၂ မိနစ်တွင် လာမင်း ယမားလ် မ,တင်ပေးလိုက်သည့်ဘောလုံးကို ရာဖင်ညာက ခေါင်းတိုက်သွင်းယူကာ ဘာစီလိုနာအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့သလို ယမားလ်၏ ထပ်မံဂိုးဖန်တီးပေးမှုမှတစ်ဆင့် ရာဖင်ညာကပင် ဂိုးသမား အိုဒီဆီးယက် ဗလာချိုဒီမော့စ်ကိုကျော်ကာ အနေတော်ကန်သွင်းခဲ့သဖြင့် ပွဲအပြီးတွင် ဘာစီလိုနာက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် ရာသီအစ ပွဲစဉ် ၇ ပွဲဆက် အနိုင်ရရှိထားခဲ့ရာ ယခုရလဒ်ကြောင့် စက်တင်ဘာ ၂၀ ရက်တွင် ယခုရာသီ၏ ပထမဆုံး မက်ဒရစ်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားမည့် အဆင့်-၄ နေရာမှ အက်သလက်တီကိုမက်ဒရစ်နှင့် အဆင့်-၂ နေရာမှ ရီးရဲလ်မက်ဒရစ်အသင်းတို့အပေါ် ဖိအားများ သက်ရောက်စေခဲ့သည်။
ဆယ်လ်တာဗီဂိုက လွန်ခဲ့သော ၃ ရက်က ဘာစီလိုနာနှင့် အဝေးကွင်းပွဲစဉ်၌ ပေးဂိုး ၇ ဂိုးအထိ ခွင့်ပြုခဲ့ရသည့် ရေးဆင်းဆန်တန်ဒါကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ပွဲချိန် ၃၂ မိနစ်တွင် ဟူဂို ဂွန်ဇာလက်ဇ်က ပင်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမပြီးဆုံးမီတွင် အီလစ် မိုရီဘာက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ထို့နောက် မစ်ဂယ် ရိုမန်က တစ်ဂိုး၊ ပတ်ဘလို ဒူရန်က နှစ်ဂိုး အသီးသီး ထပ်မံသွင်းယူခဲ့သဖြင့် အိမ်ရှင်အသင်း သက်တောင့်သက်သာ အနိုင်ရရှိခဲ့ကာ ယခုပွဲစဉ်မှာ ရေးဆင်းအသင်း၏ ခံစစ်ပိုင်းအားနည်းချက်များကိုလည်း ထပ်မံပေါ်လွင်စေခဲ့သည်။
အိုဆာဆူနာအသင်းက ရာယို ဗယ်လက်ကာနိုအသင်းကို အိမ်ကွင်းတွင် အန်တီ ဘူဒီမီယာ၏ လေပေါ်ဝဲ မြေမကျကန်ချက်ဖြင့် စတင်ဦးဆောင်နိုင်ခဲ့သော်လည်း ဆာဂျီယို ကာမယ်လိုက ပြန်လည်ချေပကာ သရေတစ်မှတ် ရယူပေးခဲ့ပြီး ထိုပွဲစဉ်၌ ဗယ်လက်ကာနိုက တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သလို ဂိုးသွင်းခွင့်များလည်း ပိုမိုရရှိခဲ့သည်။
အက်သလက်တစ် ဘီလ်ဘာအိုနှင့် အလာဗက်စ်အသင်းတို့၏ ပွဲစဉ်၌ အိမ်ရှင်အသင်းရရှိခဲ့သည့် ပင်နယ်တီကို အလာဗက်စ်ဂိုးသမား အန်တိုနီယို ဆီဗီရာ ကာကွယ်နိုင်ခဲ့သဖြင့် ဂိုးမရှိသရေကျခဲ့သည်။
စက်တင်ဘာ ၁၈ ရက် ပွဲစဉ်၌ အယ်လ်ချီအသင်းက နောက်ခံလူ ဖက်ဒရီကို ရီဒွန်ဒို ထုတ်ပယ်ခံရပြီးနောက် ပွဲချိန် ၈၅ မိနစ်ခန့်ကြာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း အက်စပန်ညိုအသင်းကို သုံးဂိုးတစ်ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သည်။
ဖာနီနို၏ သုံးမိနစ်အတွင်း သွင်းယူခဲ့သည့် သွင်းဂိုးနှစ်ဂိုးကြောင့် အယ်လ်ချီက ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၈ မိနစ်အလိုတွင် ဗစ်တာချက်စ် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အက်စပန်ညိုအတွက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့သော်လည်း မကြာမီတွင် ဂျာမန် ဗရယ်လာက အယ်လ်ချီအတွက် တတိယဂိုးသွင်းယူခဲ့သည့်အတွက် အယ်လ်ချီအသင်း ယခုရာသီ၌ ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။ (Xinhua)


.................................
(English Version)
Raphinha hits another hat-trick as Barcelona maintains perfect record in La Liga
MADRID, Sept. 19 (Xinhua) -- Raphinha scored his second hat-trick in two matches as FC Barcelona beat Sevilla 3-1 on Saturday to maintain its 100 percent record at the top of La Liga.
Sevilla took the lead in the 19th minute when Youssouf Fofana headed in a cross from the left, but Raphinha made it 1-1 three minutes later, collecting a pass from Andreas Christensen before cutting inside and scoring with a cool finish.
Lamine Yamal set Raphinha up for Barcelona's second goal in the 52nd minute with a chipped cross for him to head home, and then aided the third with a pass that allowed the forward to chip goalkeeper Odysseas Vlachodimos to make it 3-1.
Barcelona has won its opening seven matches, and the result puts pressure on both fourth-placed Atletico Madrid and second-placed Real Madrid ahead of their first derby of the season on Sunday.
Celta Vigo beat Racing Santander 5-0 just three days after Racing had conceded seven goals away to FC Barcelona.
Hugo Gonzalez broke the deadlock with a 32nd-minute penalty and Ilaix Moriba doubled the lead before halftime. Miguel Roman and two goals from Pablo Duran rounded off a comfortable win for the home side, while again highlighting Racing's defensive woes.
Ante Budimir scored an acrobatic volley to put Osasuna 1-0 up at home to Rayo Vallecano, but Sergio Camello saved a point for Rayo, who had more possession and more chances throughout the match.
Athletic Bilbao and Alaves drew 0-0 in a match where the home side had a penalty saved by Alaves goalkeeper Antonio Sivera.
A 10-man Elche side upset Espanyol 3-1 on Friday despite playing for 85 minutes after defender Federico Redondo was sent off.
Two goals in three minutes from Fer Nino put Elche 2-0 up. Although a Victor Chust own goal with 18 minutes left gave Espanyol hope, German Varela soon snuffed it out with Elche's third goal to secure its first win of the season.
Photo caption 1: Barcelona's Raphinha (R) celebrates his goal with teammates during the La Liga football match between FC Barcelona and Rayo Vallecano in Barcelona, Spain, on Aug. 31, 2026. (Photo by Joan Gosa/Xinhua)
Photo caption 2: FC Barcelona's players celebrate scoring during the La Liga football match between FC Barcelona and Athletic Club in Barcelona, Spain, on Aug. 27, 2026. (Photo by Joan Gosa/Xinhua)








