ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံတို့၏ ဒုတိယအကြိမ် သံအမတ်အဆင့် ဆွေးနွေးပွဲ ကျင်းပပြီးနောက် ယင်းနှစ်နိုင်ငံအကြား လတ်တလော ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို သီတင်းပတ် သုံးပတ် သက်တမ်းတိုးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂၃ ရက်၌ ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံအား ဟစ်ဇ်ဘိုလာထံမှ ၎င်းတို့ကိုယ်ကိုယ် ကာကွယ်ရေးအတွက် အထောက်အကူပြုရန် လက်ဘနွန်အစိုးရနှင့်အတူတကွ လုပ်ဆောင်လိုကြောင်း ထရမ့်က Truth Social လူမှုမီဒီယာပလက်ဖောင်းပေါ်၌ ရေးသားဖော်ပြခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် အစ္စရေးနှင့် လက်ဘနွန် ကိုယ်စားလှယ်များအား အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်များနှင့်အတူ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံခဲ့ကြောင်း ပြောခဲ့သည်။
“ဒီအစည်းအဝေးက သိပ်ကိုကောင်းမွန်ပါတယ်” ဟု ထရမ့်က ဆိုပြီး အသေးစိတ်များကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
“အစ္စရေးဝန်ကြီးချုပ် ဘီဘီ နေတန်ယာဟု၊ လက်ဘနွန် သမ္မတ ဂျိုးဆက် အော်ဝန်တို့ မဝေးတော့တဲ့ကာလမှာ တွေ့ဆုံနိုင်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ထရမ့်က ဖြည့်စွက်ပြောသည်။
ဟစ်ဇ်ဘိုလာအရေး ကိုင်တွယ်နိုင်မည့် နှစ်ဖက်ကြား ငြိမ်းချမ်းရေးသဘောတူစာချုပ် ဖော်ဆောင်နိုင်ရန် မျှော်လင့်ချက်ဖြင့် နေတန်ယာဟုနှင့် အော်ဝန်တို့ “လာမည့် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း” အိမ်ဖြူတော်၌ တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ယခင်သီတင်းပတ်၌ ပြောသည်။
အီရန်နှင့် အမေရိကန်-အစ္စရေးစစ်ပွဲ၌ နယ်စပ်ဖြတ်ကျော် အပြင်းအထန်တိုက်ခိုက်မှုဖြစ်ပွားပြီး သီတင်းပတ်များစွာကြာပြီးနောက် အစ္စရေးနှင့် လက်ဘနွန်အကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ဧပြီ ၁၆ ရက်က အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။
အစ္စရေးနှင့် လက်ဘနွန်အကြား တရားဝင် သံတမန်ဆက်ဆံရေးမရှိကြောင်း၊ ဟစ်ဇ်ဘိုလာကို အီရန်၏ “ကိုယ်ပွား” အဖြစ် အစ္စရေးက ကာလရှည်ရှုမြင်လာခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနှင့် ဆွေးနွေးညှိနှိုင်းသည့်အဖွဲ့မှာ လက်ဘနွန်အစိုးရဖြစ်ပြီး ဟစ်ဇ်ဘိုလာတို့ မဟုတ်ပေ။
ထို့ပြင် လတ်တလော အပစ်အခတ်ရပ်စဲရေးကာလအတွင်း လက်ဘနွန်နိုင်ငံ တောင်ပိုင်းနယ်စပ်တစ်လျှောက် တင်းမာမှုများ ဆက်လက်ရှိနေသဖြင့် အပစ်အခတ်ရပ်စဲရေးမှာ အားနည်းလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Trump says ceasefire between Israel, Lebanon to be extended by 3 weeks
WASHINGTON, April 23 (Xinhua) — U.S. President Donald Trump announced on Thursday that the current 10-day ceasefire between Israel and Lebanon will be extended by three weeks, shortly after the two countries held their second ambassador-level talks here Thursday afternoon.
The United States is going to work with the government of Lebanon to help it protect itself from Hezbollah, Trump said in a post on his social media platform Truth Social.
Trump said he met with representatives of Israel and Lebanon in the Oval Office, along with U.S. Vice President JD Vance, Secretary of State Marco Rubio, and U.S. ambassadors to Israel and Lebanon.
“The Meeting went very well!” Trump claimed, providing no details.
“I look forward in the near future to hosting the Prime Minister of Israel, Bibi Netanyahu, and the President of Lebanon, Joseph Aoun,” Trump added.
Trump said last week he was expecting to meet Netanyahu and Aoun at the White House “over the next week or two” in hopes that the two sides could broker a peace deal, which will also address Hezbollah.
The 10-day ceasefire between Israel and Lebanon came into effect on April 16, following weeks of intensified cross-border fighting amid the U.S.-Israeli war against Iran.
Israel and Lebanon have no formal diplomatic relations, and Hezbollah has long been viewed by Israel as a “proxy” of Iran. The negotiating party with Israel is the Lebanese government, not Hezbollah.
The truce has remained fragile as tensions along Lebanon’s southern border have continued during the current ceasefire.
Photo: A demonstrator holds a placard in front of the White House in Washington, D.C., the United States, on April 7, 2026. (Xinhua/Li Rui)
အစ္စရေးနှင့် လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးကို သီတင်းပတ် သုံးပတ်အထိ သက်တမ်းတိုးမည်ဟု ထရမ့် ပြော
MORE NEWS

အန်ဆယ်လော့တီ ဘရာဇီးအသင်းမှ ထွက်ခွာရမည်ဟု ရိုမာရီယို ပြော
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဘရာဇီးအသင်း တိုက်စစ်မှူးဟောင်း ရိုမာရီယိုက ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အရှက်ရစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ကျန်ရှိနေသော်လည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြ၏ အနေအထားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။"သူ ဘရာဇီးအသင်းနည်းပ
Read Full Story

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတစ်လျှောက် ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုရှိ
Read Full Story

“တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆမှာ မှန်ကန်မှုမရှိကြောင်း သိသာဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခ
Read Full Story

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ချိုမိုလန်းမားတောင်ပေါ်ရှိ အိုဇုန်းဓာတ်ငွေ့ပမာဏ ဒေါင်လိုက်ပျံ့နှံ့တည်ရှိမှုကို လေ့လာစောင့်ကြည့်ရာတွင် အောင်မြင်မှုတစ်ရပ်ရရှိခဲ့
SHIGATSE ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်သိပ္ပံပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော တောင်ပံပုံသေတပ်ဆင်ထားသည့် ဟိုက်ဘရစ်ဒရုန်းတစ်စင်းကို အသုံးပြုကာ ချိုမိုလန်းမားတောင်တန်းဒေသတွင် မြေပြင်မှ အမြင့် ၈,၈၆၁ မီတာအထိ လေထုထဲက အိုဇုန်းဓာတ်ငွေ့ပမာဏအား ဒေါင်လိုက်တိုင်းတာမှုကို ပထမဆုံးအကြိမ် ပြီးမြောက်အောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………..(English Version) Chinese team makes breakthrough in observing vertical ozone distribution over Mount Qomolangma Chinese scienti
Read Full Story

တရုတ်နိုင်ငံမှ လှံတံပစ်အားကစားမယ် Yan Ziyi က မိုနာကို ဒိုင်းမွန်းလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက်ဆွတ်ခူး
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ယန်ကျစ်ရည် ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပဲရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဇူလိုင် ၁၀ ရက်က မိုနာကိုနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် လှံတံပစ်အားကစားမယ် ယန်ကျစ်ရည်က ၎င်း၏ လေးကြိမ်ဆက်တိုက်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြင့် ၂၀၂၆ ခုနှစ် ဒိုင်းမွန်းလိဂ်ရာသ
Read Full Story

ရှင်းကျန်းဒေသရှိ မြို့တစ်မြို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် အပူဒဏ်လျှော့ချရေး အစီအမံများ ချမှတ်ဆောင်ရွက်
ထူလူဖန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီက ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူလူဖန်းမြို့တွင် အပူချိန်သည် ၄၉.၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့ ပြင်းထန်လှသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ၎င်းဒေသတွင် အပူဒဏ်လျှော့ချရေး အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)……………………………………..(English Version) City in Xinjiang rolls out cooling measures as temperatures hit record high Turpan in Xinjiang saw temperatures soar to a record 49.1 degrees Cel
Read Full Story

“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊
Read Full Story

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ပါဝင်ကူညီ
ကွမ်ရှီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မေဆတ် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် လူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည် ဒရုန်းများနှင့် လှေငယ်များ ကိုယ်စီယူဆောင်လာကာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ (Xinhua)……………………………………..(English Version) Volunteers power flood rescue efforts in south China's GuangxiIn the wake of Typhoon Maysak, people of many walks of life have stepped forward with drones and sma
Read Full Story
‹
1
2
...
290
›
