
နယူးယောက်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တရုတ်နိုင်ငံဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံဘက် ဦးဆောင်သူ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု ကျင်းပခဲ့သည်။
နှစ်ဖက်က နှစ်နိုင်ငံအကြီးအကဲများ အရေးကြီးသဘောတူညီချက်ကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ အပြန်အလှန်လေးစားသော၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်သော အခြေခံမူကို အရင်းခံကာ ယခင်အကြိမ် ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု သဘောတူညီချက်များအား အကောင်အထည်ဖော်မှု၊ နှစ်ဖက်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် နှစ်ဖက် အတူတကွဂရုပြုသော အရေးကြီးကုန်သွယ်စီးပွား အရေးကိစ္စများနှင့်စပ်လျဉ်း၍ ပွင့်လင်းနက်ရှိုင်းစွာနှင့် အပြုသဘောဆောင်သော ဖလှယ်မှုများ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဉာဏ်ရည်တု (AI) နှင့် သက်ဆိုင်သည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中美经贸磋商在美国纽约举行
新华社纽约9月20日电 当地时间9月20日,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特和贸易代表格里尔在美国纽约举行经贸磋商。双方以两国元首重要共识为引领,秉持相互尊重、和平共处、合作共赢的原则,围绕落实历次经贸磋商共识、促进双边贸易投资等双方共同关心的重要经贸问题,进行了坦诚、深入、富有建设性的交流,并就人工智能有关问题举行对话。(完)
图说:当地时间9月20日上午,中美两国经贸团队在美国纽约开始举行中美经贸磋商。这是9月20日磋商前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特握手。 新华社记者 白雪骐 摄








