ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဂတ်စ်ဆလင်ဒါအိုးပေါက်ကွဲပြီးနောက် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန်သယ်ဆောင်သွားမှုအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Str/Xinhua)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဂတ်စ်ဆလင်ဒါအိုးပေါက်ကွဲပြီးနောက် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန်သယ်ဆောင်သွားမှုအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Str/Xinhua)

ဒါကာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် Ashulia ရှိ စက်ရုံဝင်းအတွင်း၌ ရပ်နားထားသော ကုန်တင်ယာဉ်များအနီး၌ ဂတ်စ်ဆလင်ဒါအိုးများ ပေါက်ကွဲပြီး ပြင်းထန်သည့်မီးလောင်မှု စက်တင်ဘာ ၂၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ကုန်တင်ယာဉ်တွေထဲက ရုပ်အလောင်း ၅ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက်ထပ်သေဆုံးသူ တစ်ဦးကတော့ အနားမှာရှိတဲ့ ဆိုင်တစ်ခုက လူပါ" ဟု Ashulia ရဲစခန်းမှ တာဝန်ခံအရာရှိ Mohammad Tariqul Islam က သတင်းထောက်များအား ပြောကြားခဲ့သည်။

ကနဦးတွင် ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့သော်လည်း ၎င်းတို့အနက်မှတစ်ဦးမှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းကြောင့် ဒဏ်ရာရသူ ၁၃ ဦးသာ ကျန်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ ရဲအရာရှိ၏ ပြောကြားချက်အရ ဒေသစံတော်ချိန် ည ၇ နာရီခန့်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ ဂတ်စ်ဆလင်ဒါအိုးများကို အောက်သို့ချနေချိန်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုမီးလောင်မှုကို ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ည ၁၀ နာရီခန့်တွင်မူ လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများမှာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၂ မိနစ်တွင် ပြီးစီးခဲ့ကြောင်း အဆိုပါအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

......................

(English version)

7 killed, 13 injured in Bangladesh gas cylinder blast

DHAKA, Sept. 21 (Xinhua)

At least seven people were killed, and 13 others were injured after gas cylinders exploded and triggered a devastating fire involving several covered vans parked inside a factory compound in Ashulia, on the outskirts of Dhaka, Bangladesh, on Sunday night.

Mohammad Tariqul Islam, officer-in-charge of Ashulia Police Station, told journalists that "five bodies were recovered from the covered vans and another victim died at a nearby shop."

He added that 14 people were initially injured, one of whom later died, leaving 13 injured.

According to the official, the explosion occurred at about 7:00 p.m. local time while the cylinders were being unloaded from a covered van.

The fire was brought under control at about 8:00 p.m. local time and fully extinguished by around 10:00 p.m., he said.

Rescue operations ended at 11:42 p.m. local time, he added. ■

Photo caption: A victim is carried to hospital after a gas cylinder exploded in Dhaka, Bangladesh, Oct. 30, 2019. (Str/Xinhua)