Costa Serena သင်္ဘောကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
Costa Serena သင်္ဘောကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ယခုနှစ်အတွက် ၂၅ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း Dujuan က ဂျပန်နိုင်ငံသို့ချဉ်းကပ်လာနေပြီး အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မှုပွဲစဉ်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ဂျပန်မီဒီယာများ၏ စက်တင်ဘာ ၂၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။

အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီက ထုတ်ပြန်သော အစီအစဉ်အရ မုန်တိုင်းတိုက်ခတ်ပါက အားကစားသမားများ တည်းခိုရာ အကြီးစားသင်္ဘော Costa Serena သည် အန္တရာယ်ရှောင်တိမ်းရန် ဆိပ်ကမ်းမှ ထွက်ခွာရမည်ဖြစ်ကြောင်း၊ သင်္ဘောပေါ်သို့ မတက်ရောက်နိုင်သည့် အားကစားသမားများအနေဖြင့် အခြားအဆောက်အဦသို့ သွားရောက်ရမည်ဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်း Dujuan က ခန့်မှန်းခြေ စက်တင်ဘာ ၂၁ ရက်ဝန်းကျင်တွင် ဂျပန် Kanto ဒေသအနီးသို့ ချဉ်းကပ်လာမည်ဟု ဂျပန်မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားပြီး ဒေသအများအပြားက မိုးရွာသွန်းမှု အခြေအနေအတွက် ကြိုတင်သတိပေးချက်များ လုပ်ဆောင်ခဲ့သည်။ ယင်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် တိုကျိုနှင့် အနီးတစ်ဝိုက် Kanagawa စီရင်စုနှင့် Chiba စီရင်စုတို့တွင် မာရသွန်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲနှင့် လှုပ်ရှားမှုအခမ်းအနားများစွာကို ပယ်ဖျက်လိုက်‌ပြီဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့ အနောက်တောင်ဘက် ဦးတည်ချက်၌ တည်ရှိသော နာဂိုယာမြို့တွင်လည်း အလားတူ မိုးသက်လေပြင်းများလည်း ကျရောက်နိုင်သည်။ အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် နာဂိုယာ ပင်လယ်ပြင်လုံခြုံရေးစောင့်ရှောက်မှုဌာနက ထုတ်ပြန်သော အစီအစဉ်အရ နာဂိုယာဆိပ်ကမ်း အနီးတစ်ဝိုက်ဒေသတွင် ဆိုးရွားသော မုန်တိုင်းသက်ရောက်မှုခံရပါက လူများရွှေ့ပြောင်းရန်အမိန့်အား ကြိုတင်ထုတ်ပြန်မည်ဖြစ်ပြီး ထိုအချိန်တွင် Costa Serena သင်္ဘောက အန္တရာယ်ရှောင်တိမ်းရန်အတွက် ၎င်းအပေါ်တွင် တည်းခိုသော အားကစားသမားများအား တင်ဆောင်၍ ဆိပ်ကမ်းမှ ထွက်ခွာသွားမည် ဖြစ်သည်။ သင်္ဘောပေါ်သို့ အချိန်မီ ပြန်လည်မရောက်ရှိနိုင်သည့် အားကစားသမားများကမူ ၎င်းတို့ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်ရန်အတွက် အခြားအဆောက်အဦများသို့ သွားရောက်ရမည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီက အချို့သောပြိုင်ပွဲများကို မူလအစီအစဉ်အတိုင်း ကျင်းပနိုင်ခြင်း မရှိပါက အာရှအိုလံပစ်ကောင်စီ (OCA) နှင့် သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့ချုပ်များနှင့်အတူ ဆွေးနွေးပြီး ပြိုင်ပွဲအစီအစဉ်များအား ညှိနှိုင်းပြင်ဆင်သွားမည်ဟု ဆိုသည်။

အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ အသုံးစရိတ်များ လျှော့ချရန်အတွက် အားကစားပြိုင်ပွဲ စီစဉ်ကျင်းပသည့်ဘက်က နာဂိုယာမြို့အတွင်း၌ အကြီးစားအားကစားကျေးရွာကြီး တည်ဆောက်ခြင်းမရှိဘဲ သင်္ဘော၊ ကွန်တိန်နာအိမ်နှင့် ဟိုတယ်တို့ဖြင့် အစားထိုးခဲ့သည်။ စက်တင်ဘာ ၈ ရက်တွင် နာဂိုယာမြို့၌ မိုးသက်လေပြင်းကျရောက်ခဲ့ပြီး အာရှအားကစားပြိုင်ပွဲ ကျင်းပရာနေရာ အများအပြားနှင့် သက်ဆိုင်ရာအဆောက်အဦများတွင် မိုးယိုမှုများဖြစ်ခဲ့ပြီး ဒေသတွင်း၌ အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသည့် အားကစားသမားရာနှင့်ချီ၊ မီဒီယာသတင်းထောက်နှင့် သက်ဆိုင်ရာဝန်ထမ်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ (Xinhua)

---------------------

(Chinese Version)

“亚运村邮轮”或离港避台风

新华社北京9月20日电 据日本媒体20日报道,第25号台风“杜鹃”正逼近日本,或对爱知·名古屋亚运会赛事造成影响。根据亚运会组委会发布的方案,如果台风来袭,运动员住宿的大型邮轮“歌诗达赛琳娜号”可能离港避险,未登船的运动员则将前往其他设施。

日本气象部门预报,台风“杜鹃”预计于21日前后接近日本关东地区,多地就雨势发出预警。受此影响,东京及附近的神奈川县和千叶县等地已取消马拉松比赛、足球比赛等多项体育赛事和活动。

位于东京西南方向的名古屋同样可能遭遇暴风雨。根据亚运会组委会和名古屋海上保安部发布的方案,如果名古屋港附近区域受到台风严重影响,将提前发布疏散令,届时“歌诗达赛琳娜号”邮轮将搭载住宿的运动员驶离港口避险。未及时返回邮轮的运动员将前往其他设施,以保障人身安全。

亚运会组委会表示,如果部分赛事无法按原计划进行,将与亚奥理事会和相关国际联合会商讨,调整赛事安排。

爱知·名古屋亚运会已于19日开幕,将持续至10月4日。为削减经费,大会组织方没有在名古屋市内修建大型运动员村,而是用邮轮、集装箱房屋和酒店代替。本月8日,名古屋遭遇强降雨,多个亚运会比赛场馆和相关设施出现漏雨,在当地准备参加亚运会的数百名运动员、媒体记者和相关工作人员一度被疏散。(张旌)

图说:这是9月15日拍摄的“歌诗达赛琳娜号”邮轮。新华社记者贾浩成摄