တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ရှိ ရှီကျားကျွမ်း တိရစ္ဆာန်ဥယျာဉ်၌ အမှတ်တရဓာတ်ပုံ ရိုက်နေသည့် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ရှိ ရှီကျားကျွမ်း တိရစ္ဆာန်ဥယျာဉ်၌ အမှတ်တရဓာတ်ပုံ ရိုက်နေသည့် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

"ပြည်သူအချင်းချင်း ခင်မင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ကြည်ရေးဟာ နိုင်ငံအချင်းချင်း ဆက်ဆံရေးကောင်းမွန်စေဖို့ အဓိကသော့ချက်ပါပဲ" ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ၎င်းအတွက်မူ တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို နှစ်နိုင်ငံပြည်သူများက ချမှတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတရှီ၏ အမေရိကန်နိုင်ငံ ခရီးစဉ်ကို စက်တင်ဘာ ၂၁ ရက်၌ တရားဝင် ကြေညာခဲ့ပြီးနောက် အမေရိကန် တက္ကသိုလ်ကျောင်းသားများထံ မကြာမီက ပေးပို့ခဲ့သည့် ၎င်း၏ပြန်စာကို လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။ အဆိုပါစာလွှာ၌ ရှီက နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေရန်၊ နှစ်နိုင်ငံဆက်ဆံရေး တည်တည်ငြိမ်ငြိမ်နှင့် စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး ကျဆင်းနေချိန်တွင် သမ္မတရှီသည် အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် လူငယ်များဘက်သို့ အာရုံစိုက်ခဲ့သည်။ လူငယ်များသည် ဤဆက်ဆံရေး၏ အနာဂတ်နှင့် မျှော်လင့်ချက်များကို သယ်ဆောင်လာကြသူများဖြစ်သည်ဟု ၎င်းက ယုံကြည်လက်ခံထားသည်။

၂၀၂၃ ခုနှစ်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သည့် APEC ခေါင်းဆောင်များ အစည်းအဝေးသို့ သွားရောက်ခဲ့စဉ်က သမ္မတရှီသည် လာမည့်ငါးနှစ်အတွင်း အမေရိကန်လူငယ် ၅၀,၀၀၀ အား ကူးလူးဖလှယ်ရေးနှင့် လေ့လာရေးအစီအစဉ်များအတွက် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်မည့် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။ ရည်မှန်းထားသည့် အရေအတွက်အား သတ်မှတ်ချိန်ထက် နှစ်နှစ်ခွဲစော၍ ပြည့်မီရောက်ရှိခဲ့ကြောင်း ယခုနှစ် မေလအထိ စာရင်းများအရ သိရသည်။

ပါဝင်သူအများအပြားက တရုတ်နိုင်ငံအကြောင်းကို ကိုယ်တိုင်လေ့လာနိုင်ရန်နှင့် တရုတ်နိုင်ငံမှ သက်တူရွယ်တူ သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း သမ္မတရှီထံသို့ စာရေးသားပေးပို့ခဲ့ကြသည်။ သမ္မတရှီကလည်း ပြန်စာပေးပို့ခဲ့ကာ နှစ်နိုင်ငံစလုံးမှ လူငယ်များအား ပစိဖိတ်သမုဒ္ဒရာကို ပေါင်းကူးတံတားသဖွယ် ချိတ်ဆက်ပေးမည့် "ချစ်ကြည်ရေးသံတမန်များ" ဖြစ်လာကြရန် တိုက်တွန်းအားပေးခဲ့သည်။

၂၀၂၆ ခုနှစ် ရေဂင် အင်စတီကျု နွေရာသီ လူထုစစ်တမ်း ကောက်ခံချက်အရ အမေရိကန်လူငယ်များအနေဖြင့် တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်ခြေမှာ သိသိသာသာ လျော့ကျလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260922/0b70607b2013461483a838df59c2a6b5/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မောင်ဝူးစူးသဲကန္တာရ၌ ယဉ်းယွိကျန်းနှင့်အတူ အပင်စိုက်ပျိုးပြီးနောက် အပင်ငယ်တစ်ပင်အား နမ်းရှိုက်နေသည့် ရော်နယ် ဆာကိုစကီ (ယာ) ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မောင်ဝူးစူးသဲကန္တာရ၌ ယဉ်းယွိကျန်းနှင့်အတူ အပင်စိုက်ပျိုးပြီးနောက် အပင်ငယ်တစ်ပင်အား နမ်းရှိုက်နေသည့် ရော်နယ် ဆာကိုစကီ (ယာ) ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xi's bridge-building across the Pacific

BEIJING, Sept. 22 (Xinhua) -- "Friendship, which derives from close contact between the people, holds the key to sound state-to-state relations," Chinese President Xi Jinping has said. For him, the foundation of China-U.S. relations was laid by the two peoples.

Upon the official announcement of Xi's U.S. visit on Monday, his recent reply to American university students was made public. In his letter, Xi encouraged them to foster greater mutual understanding and affinity between people of the two countries, and to promote the steady and sustained development of bilateral relations.

When China-U.S. relations were at a low ebb, Xi cast his eyes toward the future -- young people. The youth, he believes, carry the future and hope of this relationship.

During his 2023 trip to San Francisco for the APEC leaders' meeting, Xi announced an initiative to invite 50,000 young Americans to China for exchange and study programs over the next five years. By May this year, that goal had been reached two and a half years ahead of schedule.

Many participants have written to Xi, thanking him for the opportunity to see China for themselves and forge friendships with their Chinese peers. Xi, in turn, has encouraged young people from both countries to become "envoys of friendship" bridging the Pacific.

A 2026 Reagan Institute Summer Survey found that younger Americans were significantly less likely to view China as a major threat to the United States.

https://english.news.cn/20260922/0b70607b2013461483a838df59c2a6b5/c.html

Photo caption 1: Chinese and American students pose for a photo at Shijiazhuang Zoo in Shijiazhuang, north China's Hebei Province, April 21, 2024. (Photo by Liu Zunshuan/Xinhua)

Photo caption 2: Ronald Sakolsky (R) sniffs a sapling after planting it with Yin Yuzhen in the Maowusu Sandy Land in north China's Inner Mongolia Autonomous Region, Aug. 24, 2026. (Xinhua/Lian Zhen)