ဂျပန်နိုင်ငံ ဂိဖုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တရုတ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (အိုင်ချိ-နာဂိုယာ) ၂၀၂၆ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု-G ပွဲစဉ်မတိုင်မီ တရုတ်အသင်းမှ ပွဲထွက်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဂိဖုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တရုတ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (အိုင်ချိ-နာဂိုယာ) ၂၀၂၆ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု-G ပွဲစဉ်မတိုင်မီ တရုတ်အသင်းမှ ပွဲထွက်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

နာဂိုယာ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်၌ တရုတ်အသင်းက ဖိလစ်ပိုင်အသင်းကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ဝမ်ယန်ဝန်၏ ဟက်ထရစ်သွင်းဂိုးအပြင် ချန်ချောင်ကျူး နှင့် ယွမ်ချုံ တို့၏ သွင်းဂိုးများက တရုတ်အသင်းအား နှစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ဖြင့် အုပ်စု-G အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်စေရန် အထောက်အပံ့ဖြစ်စေခဲ့သည်။ တရုတ်အသင်းအနေဖြင့် ကွာတားဖိုင်နယ်တွင် ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

တရုတ်အသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်၌ တရုတ် (ဟောင်ကောင်) အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဥဇဘက်ကစ္စတန်အသင်းနှင့် ၁-၁ ဂိုးစီ သရေကျခဲ့သည်။

ဖိလစ်ပိုင်အသင်းနှင့် ပွဲစဉ်၌ တရုတ်အသင်းက ပွဲအစကတည်းကပင် စိတ်ကြိုက်စိုးမိုးထားနိုင်ခဲ့ပြီး တရစပ်တိုက်စစ်ဆင်ကာ ဖိကစားနိုင်ခဲ့သည်။

ပွဲချိန် ၁၉ မိနစ်တွင် အားထားရသည့် တိုက်စစ်မှူး ကျန်းလျင်ယန့်  ဒဏ်ရာရရှိခဲ့သဖြင့် လူစားလဲခဲ့ရခြင်းက တရုတ်အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။ သို့သော် တစ်မိနစ်အကြာတွင်  ကျန်းရေ့ ညာခြမ်းမှ အနေတော် ထောင့်ဖြတ်ဘော‌ပေးပို့မှုကို ဝမ်က ခေါင်းတိုက်၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။

တရုတ်အသင်း၏ ပြိုင်ဘက်ခံစစ်ဇုန်ထဲအထိ အပြင်းအထန်ဖိအားပေး ဘောလုံးလုယူသည့် ကစားဟန်မှာ ထိရောက်ခဲ့ပြီး ပွဲချိန် မိနစ် ၄၀ တွင် ဝမ်ကပင် ပင်နယ်တီဧရိယာအစပ်နားမှ လှလှပပ ဝေ့ဝိုက်ကန်သွင်းကာ ဒုတိယဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းပြန်စပြီး ၄ မိနစ်အကြာတွင် ဝမ်စွမ်း အကွက်မြင်မြင် ခင်းပေးလိုက်သည့် ဘောလုံးကို Chen Qiaozhu က ပင်နယ်တီဧရိယာထဲသို့ တစ်ဟုန်ထိုးပြေးဝင်ကာ အလိုက်သင့်ပိတ်သွင်းခဲ့သဖြင့် တရုတ်အသင်းက ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ၅ မိနစ်အကြာတွင် ဝမ်ယန်ဝန်က နောက်ထပ်ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်ရရှိခဲ့သည်။

ဂိုးပြတ်ဦးဆောင်ထားပြီးနောက် တရုတ်အသင်း၏ ခံစစ်ကစားပုံမှာ အနည်းငယ်လျော့ရဲရဲ ဖြစ်လာခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် ဖိလစ်ပိုင်အသင်း ထောင့်ကန်ဘောကန်တင်ရာ၌ တရုတ်အသင်းခံစစ်က နားလည်မှုလွဲခဲ့ပြီး အဆိုပါဘောလုံးမှာ အဝေးတိုင်ဘက်သို့ ရောက်ရှိသွားခဲ့ရာ စကိုင်း လိချ်က ဂိုးသမားမရှိတော့သည့် ဂိုးပေါက်ထဲသို့ အပိုင်ကန်သွင်းခဲ့သည်။

ထပ်ဆောင်းအချိန်ပိုတွင် ကျန်းချိန်ရွှယ် ၏ ကန်ချက်မှာ ဂိုးတိုင်ထိထွက်ခဲ့သော်လည်း အဝေးတိုင်ဘက်တွင် အသင့်ရှိနေသည့် ယွမ်ချုံ က ထပ်ဆင့်ပိတ်သွင်းကာ ပွဲသိမ်းအနိုင်ဂိုး သွင်းယူပေးခဲ့သည်။

အုပ်စု-G ၏ အခြားပွဲစဉ်၌ ဥဇဘက်ကစ္စတန်က တရုတ် (ဟောင်ကောင်) ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ၁ ပွဲနိုင်၊ ၂ ပွဲသရေဖြင့် အုပ်စုဒုတိယရရှိခဲ့သည်။ ဖိလစ်ပိုင်အသင်းမှာမူ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်ဖြင့် အုပ်စုတတိယ ရရှိခဲ့ကာ တရုတ် (ဟောင်ကောင်) အသင်းကမူ ၃ ပွဲစလုံး ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှထွက်ခွာခဲ့ရသည်။

အခြားအုပ်စုပွဲစဉ်များတွင် အုပ်စု-E ၌ ဂျပန်အသင်းက တရုတ် (ထိုင်ပေ) အသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ အုပ်စု-F တွင် မြောက်ကိုရီးယားအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ၁ ဂိုးစီသရေကျခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အသင်းနှင့် မြန်မာအသင်းတို့၏ ပွဲစဉ်မှာလည်း ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့သည်။

ကွာတားဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာ ၂၅ ရက်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တရုတ်အသင်းက ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ မြောက်ကိုရီးယားအသင်းက တရုတ် (ထိုင်ပေ) အသင်းနှင့်လည်းကောင်း၊ တောင်ကိုရီးယားအသင်းက ဥဇဘက်ကစ္စတန်အသင်းနှင့်လည်းကောင်း၊ ဂျပန်အသင်းက ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း အသီးသီး ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

………………………….

(English Version)

Asian Games | China thrashes Philippines to reach women's football quarterfinals

NAGOYA, Sept. 21 (Xinhua) -- China cruised into the quarterfinals of the women's football tournament at the 2026 Asian Games with a 5-1 victory over the Philippines on Monday.

A hat-trick from Wang Yanwen, along with strikes from Chen Qiaozhu and Yuan Cong, helped China finish top of Group G with two wins and one draw. China will face Vietnam in the quarterfinals.

China opened its group campaign with a 5-1 win over Hong Kong, China, before drawing 1-1 with Uzbekistan.

Against the Philippines, China took control from the outset and launched wave after wave of attacks.

China suffered an injury setback in the 19th minute when forward Zhang Linyan was forced off. Just a minute later, Zhang Rui delivered a precise diagonal cross from the right, and Wang headed the ball home to open the scoring.

Wang doubled the lead in the 40th minute with a curling effort from the edge of the penalty area after China's high press paid off.

Four minutes after the restart, Wang Shuang set up Chen Qiaozhu, who surged into the penalty area and poked the ball home to make it 3-0, before Wang Yanwen completed her hat-trick with another header five minutes later.

With a commanding lead, China eased off defensively. In the 65th minute, a Philippines corner exposed a communication error in China's defence, allowing the ball to fall to the far post, where Skye Leach tapped into an empty net.

In stoppage time, Zhang Chengxue's shot struck the post before Yuan Cong followed up at the far post to round off the scoring.

Also in Group G, Uzbekistan beat Hong Kong, China 2-1 to finish second with one win and two draws. The Philippines finished third with one win, one draw and one loss, while Hong Kong, China ended the group stage with three defeats.

Elsewhere, Japan thrashed Chinese Taipei 4-0 in Group E, while Vietnam drew 0-0 with Thailand.

In Group F, DPR Korea drew 1-1 with South Korea, while Bangladesh drew 0-0 with Myanmar.

The quarterfinals will be played on Friday, with China facing Vietnam, DPR Korea taking on Chinese Taipei, South Korea meeting Uzbekistan and Japan playing the Philippines.

Photo caption 1: The line-up players of China pose for group photos before the group G match of Women's Football between China and the Philippines at 20th Asian Games Aichi-Nagoya 2026 in Gifu, Japan, Sept. 21, 2026. (Xinhua/Jia Haocheng)

Photo caption 2: Wang Yanwen (front) of China celebrates her hat-trick during the group G match of Women's Football between China and the Philippines at 20th Asian Games Aichi-Nagoya 2026 in Gifu, Japan, Sept. 21, 2026. (Xinhua/Jia Haocheng)