
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ချစ်ကြည်ရေးသမိုင်းကို ပြည်သူများက ရေးသားခဲ့ကြခြင်းဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနာဂတ်ကိုမူ လူငယ်များက ပုံဖော်ကြခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံက လာမည့် ၅ နှစ်အတွင်း အမေရိကန် လူငယ် ၅၀,၀၀၀ ကူးလူးဖလှယ်ရေးနှင့် လေ့လာရေးအတွက် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်မည့် အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။
လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် အမေရိကန် လူငယ် ၅၀,၀၀၀ ကျော်ကို ကူးလူးဖလှယ်ရေးနှင့် လေ့လာရေး ခရီးစဉ်များအတွက် လက်ခံကြိုဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် သတ်မှတ်ခဲ့သော ၅ နှစ်တာ လျာထားချက်ကို ကြိုတင်ပြည့်မီအောင် ဖော်ဆောင်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅၀ နှင့် ဝါရှင်တန် ဒီစီတို့မှ ရောက်ရှိလာကြသော အမေရိကန် လူငယ်လေ့လာသူများသည် တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသ ၃၁ ခုအပြင် ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသများအထိ ရောက်ရှိခဲ့ကြသည်။ ၎င်းတို့သည် ဘာသာစကား သင်ယူခြင်း၊ နွေရာသီနှင့် ဆောင်းရာသီ စခန်း လေ့လာရေး အစီအစဉ်များ၊ အားကစားပြိုင်ပွဲများ၊ အမှတ် သို့မဟုတ် ဘွဲ့များရရှိမည့် ပညာရပ်ဆိုင်ရာ သင်ယူလေ့လာမှုများ စသည့် အမျိုးအစားစုံလင်သော လှုပ်ရှားမှုအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။
ထိုသို့ ကူးလူးဖလှယ်ဆောင်ရွက်မှုများသည် သတင်းအချက်အလက် ကွာဟချက်များကို ပေါင်းကူးပေးနိုင်ခဲ့ပြီး၊ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေကာ၊ တည်ငြိမ်၊ ကောင်းမွန်ပြီး စဉ်ဆက်မပြတ်သော နှစ်နိုင်ငံ ဆက်ဆံရေးကို ဖြစ်ထွန်းစေရန် အထောက်အကူပြုခဲ့သည်။
အပြန်အလှန် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် နှစ်နိုင်ငံ လူငယ်များသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာကြပြီး အပြန်အလှန် နားလည်မှုကို ပိုမိုနက်ရှိုင်းစေကာ ခိုင်မာသော ချစ်ကြည်ရေးကို တည်ဆောက်နိုင်ခဲ့ကြရာ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ပြည်သူချင်း ကူးလူးဖလှယ်မှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
------------------------
(English Version)
Int'l Exchange China-U.S. youth exchanges strengthen ties and mutual understanding
BEIJING, Sept. 22 (Xinhua) -- The story of China-U.S. friendship is written by the people, and the future of China-U.S. relations is shaped by the youth.
In late 2023, China announced a program to invite 50,000 American youths to China in the next five years for exchanges and study.
Over the past three years, China has hosted more than 50,000 young Americans for exchanges and study visits, hitting the five-year target set in 2023. The U.S. young visitors, from the country's 50 states and Washington, D.C., reached across China's 31 provincial-level regions as well as Hong Kong and Macao special administrative regions. They participated in activities as diverse as learning languages, summer and winter camps, sports competitions, and academic studies for credits or degrees.
The exchanges bridged information gaps, strengthened goodwill and contributed to stable, healthy and sustainable bilateral ties.
Via interactions, young people from both countries have reached out to one another, deepened mutual understanding and built lasting friendships, opening a new chapter in people-to-people exchanges between China and the United States.
Photo Caption 1 :A Chinese student introduces Cantonese food to members of a delegation of high school students from the U.S. state of Washington at Yongqingfang in Guangzhou, south China's Guangdong Province, March 24, 2024. (Xinhua/Lu Hanxin)
Photo Caption 2 :Members of a delegation of high school students from the U.S. state of Washington experience China's school life at Shenzhen Nanshan Foreign Language Senior High School in Shenzhen, south China's Guangdong Province, March 25, 2024. (Xinhua/Mao Siqian)








