
ကုလသမဂ္ဂ/အော်စလို၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်၊ ဒိန်းမတ်နှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်းတို့သည် စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူစာချုပ်အရ အမေရိကန်အနေဖြင့် ၎င်းက ဂရင်းလန်းကျွန်း၌ စစ်ရေးအရ တည်ရှိမှုကို တစ်ဆင့်ထပ်မံ တိုးချဲ့သွားမည်ဖြစ်သည်။ စာချုပ်တွင် ပတ်သက်သည့် သက်ဆိုင်ရာအစီအစဉ်များကြောင့် ဂရင်းလန်းကျွန်း ဒေသခံပြည်သူများက စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့သည်။ အမေရိကန်၏ အနာဂတ်တွင် သဘောစာချုပ်အား အကောင်အထည်ဖော်မှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုကို သတိပြုရမည်ဖြစ်ကြောင်း ဒိန်းမတ်မီဒီယာအချို့က ဆိုကြသည်။
အမေရိကန် သမ္မတ ထရမ့်၊ ဒိန်းမတ် ဝန်ကြီးချုပ် Mette Frederiksen နှင့် ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် Jens-Frederik Nielsen တို့က သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါသဘောတူစာချုပ်သည် အမေရိကန်နှင့် ဒိန်းမတ်က ၁၉၅၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ကာကွယ်ရေး သဘောတူစာချုပ်ကို ပြင်ဆင်ခြင်းဖြစ်ပြီး အမေရိကန်က ဂရင်းလန်းကျွန်းတွင် ကာကွယ်ရေးဧရိယာအသစ် ထားရှိကာ ၎င်းအဆောက်အဦနှင့် စစ်ရေးလှုပ်ရှားမှုများကို မြှင့်တင်သွားရန် ခွင့်ပြုမည်ဖြစ်သည်။
သဘောတူညီချက် အသေးစိတ်အကြောင်းအရာတွင် အမေရိကန်က လက်ရှိ Pituffik အာကာသ အခြေစိုက်စခန်းအား ခေတ်မီအသွင်ပြောင်း တိုးချဲ့တည်ဆောက်နိုင်မှု၊ ဂရင်းလန်းကျွန်း Narsarsuaq နှင့် Mestersvig တွင် ကာကွယ်ရေးဇုန် ထပ်တိုးတည်ဆောက်ထားရှိမှု၊ အမေရိကန် ပျံသန်းနိုင်သောယာဉ်များက ဂရင်းလန်းကျွန်းထိန်းချုပ်သောနယ်မြေ ဝေဟင်ထက်၌ ပျံသန်း၍ ဆင်းသက်နိုင်မှု တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါသဘောတူစာချုပ်တွင် နေတိုးအဖွဲ့ဝင်မဟုတ်သောနိုင်ငံများက ဂရင်းလန်း၌ စစ်ရေးအဆောက်အဦ တည်ဆောက်မှု၊ အခြေစိုက်သော စစ်ရေးအင်အားနှင့် အကဲဆတ်သောနယ်မြေများတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ကန့်သတ်ချက်များ လုပ်ဆောင်ထားသည်။ အဆိုပါသဘောတူစာချုပ်ကို ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်း ကိုယ်စီ၏လွှတ်တော်များတွင် စိစစ်အတည်ပြုပြီးနောက် စတင်အသက်ဝင်မည်ဖြစ်သည်။
ထရမ့်က အဆိုပါသဘောတူညီချက်အား နောက်ပိုင်းတွင် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုမည်နည်းကို သတိပြု ရှုမြင်သင့်ကြောင်း၊ အထူးသဖြင့် ၎င်းက စာချုပ်ပါအချက်အား ပြင်ဆင်ရန် ရုတ်တရက် တောင်းဆိုခြင်း သို့မဟုတ် သဘောတူစာချုပ်တွင် လက်တွေ့၌ မပါရှိသော အကြောင်းအရာများ ပါဝင်ခြင်းတို့ ဖြစ်ကြောင်း ဒိန်းမတ် Kristeligt Dagblad သတင်းစာက သတင်းဖော်ပြထားသည်။
ဂရင်းလန်းအသံလွှင့်ဌာန (KNR) က Narsarsuaq ဒေသခံပြည်သူများ ဂရုအပြုဆုံးအရာမှာ မိသားစုဥယျာဉ်၌ ဆက်လက်နေနိုင်ခြင်း ရှိ၊ မရှိပင်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။ ဒေသတွင်းပြတိုက် တာဝန်ခံ Ole Guldager က ဒေသခံများသည် အနာဂတ်အပေါ် ပြင်းပြင်းထန်ထန် မသေချာ မရေရာမှုများအတွင်း ထပ်မံကျရောက်နေကြပြီး အနာဂတ်၌ ဆက်လက်တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ခြင်း ရှိ၊ မရှိအပေါ် စိုးရိမ်နေကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
美国、丹麦和格陵兰签协议扩大美军存在引担忧
新华社联合国/奥斯陆9月22日电(记者施春 张玉亮)美国、丹麦及其自治领地格陵兰岛22日在纽约联合国总部签署协议,根据该协议,美国将进一步扩大其在格陵兰岛的军事存在。协议所涉相关安排引发格陵兰岛居民担忧,丹麦有媒体称,须警惕美方今后对协议的执行和解读。
美国总统特朗普、丹麦首相弗雷泽里克森和格陵兰岛自治政府总理延斯-弗雷德里克·尼尔森在协议上签字。
该协议修订了美国与丹麦1951年签署的防务协定,允许美国在格陵兰岛设立新的防务区域,并加强其设施及军事行动。协议具体内容包括:美国可对现有皮图菲克太空基地实施现代化更新扩建;将在格陵兰岛纳萨尔苏瓦克和梅斯特斯维设立额外的防御区;美国飞行器可在格陵兰管辖区域上空飞行并降落。
该协议还对非北约成员国等国家在格陵兰建立军事设施、驻扎军事力量以及敏感领域投资设立限制条款。该协议须经丹麦和格陵兰岛各自议会审议批准,方可生效。
丹麦《基督教日报》报道,应谨慎看待特朗普后续如何解释上述协议,尤其要警惕他突然要求修改条款或声称协议包含实际不存在的内容。
据格陵兰广播公司报道,纳萨尔苏瓦克当地居民最关心的是能否继续留在家园。当地博物馆负责人奥勒·古拉厄说,居民再次陷入对未来的严重不确定之中,担心今后能否继续平静生活。(完)
图说:9月22日,在位于纽约的联合国总部,美国总统特朗普、丹麦首相弗雷泽里克森和格陵兰岛自治政府总理延斯-弗雷德里克·尼尔森(左至右)在协议上签字。新华社发(联合国供图)








