
ဆန်းကျန့်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ်တွင် ဆန်းကျန့်မြို့ရှိ လူမှုဖူလုံရေးအိမ်ရာ ရပ်ကွက် အချို့၌ “အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်ရေး” နှင့် “အေးချမ်းစွာ နေထိုင်၍ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ရေး” အစီအစဉ် နှစ်ခုကို စတင်ဆောင်ရွက်ခဲ့ရာ ဆန်းကျန့်မြို့ Shenzhen Anju Group သည် အလုပ်အကိုင်နှင့် စီးပွားရေးစတင်ထူထောင်မှု အရင်းအမြစ်များကို လူနေရပ်ကွက်အတွင်း ပေါင်းစပ်ထည့်သွင်းပေးပြီး အလုပ်အကိုင်များနှင့် ဆိုင်ခန်းများကို “အိမ်တံခါးဝ” ထိ ပို့ဆောင်ပေးခဲ့ကာ “တိုက်ပေါ်တွင် နေထိုင်ပြီး တိုက်အောက်တွင် အလုပ်လုပ်နိုင်သည့်” ၁၅ မိနစ်အတွင်း အလုပ်အကိုင်နှင့် လူနေမှုဘဝ ချိတ်ဆက်နိုင်သည့်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ခဲ့သည်။
“အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်ရေး” အစီအစဉ်သည် အိမ်ရာအတွင်း နေထိုင်သူများအတွက် အိမ်ရာထိန်းသိမ်းစီမံရေး၊ အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး၊ သားငါးကုန်စိမ်းရောင်းချသူ၊ လုံခြုံရေးနှင့် သန့်ရှင်းရေး ကဲ့သို့သော ကိုယ်ပိုင် အိမ်ရာစီမံခန့်ခွဲရေး၊ စီးပွားရေးလုပ်ငန်းများနှင့် ပြင်ပတတိယအဖွဲ့အစည်းများမှ ပံ့ပိုးပေးသည့် လူနေရပ်ကွက်အတွင်းရှိ အလုပ်အကိုင်များကို ထောက်ပံ့ပေးထားသည်။ “အေးချမ်းစွာ နေထိုင်၍ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ရေး” အစီအစဉ်သည် ငှားရမ်းခ လျှော့ပေးခြင်း၊ ဝင်ငွေအပေါ် အချိုးကျ ခွဲဝေယူခြင်း စသည့် သက်သာခွင့်များဖြင့် ရပ်ကွက်အတွင်းနှင့် အနီးဝန်းကျင်ရှိ ဆိုင်ခန်းများကို ပံ့ပိုးပေးထားသည့်အပြင် လုပ်ငန်းအမျိုးအစား ရွေးချယ်ခြင်း၊ လုပ်ထုံးလုပ်နည်း လျှောက်ထားခြင်း၊ ဆိုင်ခန်း အပြင်အဆင်၊ လုပ်ငန်း အတွေ့အကြုံနှင့် ဘဏ္ဍာရေး အထောက်အပံ့ စသည်တို့ကိုပါ ကူညီပံ့ပိုးပေးပါသည်။
“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” တွင် “အလုပ်အကိုင် ပံ့ပိုးရေးနှင့် ပြည်သူ့ ဝန်ဆောင်မှု စနစ်ကို ပြည့်စုံခိုင်မာအောင် တည်ဆောက်ရန်” ဖော်ပြထားသည်။ ဒေသန္တရ၌ ၎င်းအစီအစဉ် နှစ်ခုမှတစ်ဆင့် ပြည်သူများ၏ ဝင်ငွေ တိုးတက်လာစေရန်၊ အလုပ်သွားအပြန် ကြာမြင့်ချိန်ကို လျှော့ချပေးရန်နှင့် အလုပ်အကိုင် သို့မဟုတ် စီးပွားရေးစတင်ထူထောင်မှု ကုန်ကျစရိတ်များကို လျှော့ချပေးရန် ကူညီပေးခဲ့ရာ ပြည်သူများအတွက် တည်ငြိမ်သော အလုပ်အကိုင် ရရှိစေသည့်အပြင် မိသားစုကိုလည်း ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်စေမည်ဖြစ်သည်။
လက်ရှိအချိန်အထိ “နေစရာအိမ်ရာ ရရှိရေး”အခြေအနေ မှ “အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်ရေး” အခြေအနေသို့ ဦးတည်သည့် ၎င်းအေးချမ်းစွာနေထိုင်နိုင်ရေး လက်တွေ့ဖော်ဆောင်မှု လမ်းကြောင်းသည် စမ်းသပ်လေ့လာသည့်အဆင့်မှသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ကူးပြောင်းလျက်ရှိရာ အဆိုပါ အစီအစဉ် နှစ်ခုမှတစ်ဆင့် ပြည်သူ စုစုပေါင်း ၁,၇၀၀ ခန့်၏ အလုပ်အကိုင်ရရှိရေး ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လူသုံးကုန်စတိုးဆိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ဆိုင် စသည့် လုပ်ငန်းအမျိုးအစား အများအပြား ပါဝင်သော ဈေးဆိုင်ခန်း ၁၇ ခန်းကို စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ (Xinhua)
-----------------
(Chinese Version)
“十五五”@你丨“下楼即上岗” 深圳打造保障房15分钟就业生活圈
2026年,深圳部分保障房社区启动“安居乐业”“安居创业”双计划,深圳市安居集团将就业、创业资源嵌入社区,把岗位和店铺送到“家门口”,构建起“楼上生活、楼下就业”的15分钟就业生活圈。
“安居乐业”计划为住户提供物业管家、工程维修、生鲜店员、保安保洁等自有物业、商业和第三方公司提供的社区岗位。“安居创业”计划以租金打折、营业额分成等优惠方式提供社区内或周边的创业店铺,并针对业态筛选、手续办理、店铺装修、运营经验、金融支持等提供帮扶。
“十五五”规划中提到“健全就业支持和公共服务体系”。当地通过这两项计划,帮助居民增加收入,缩短通勤时间,降低就业和创业成本,让居民实现稳定就业的同时能更好兼顾家庭。
截至目前,这项“住有所居”迈向“安居乐业”的安居实践路径正在从试点探索逐步走向常态化,两项计划已累计解决约1700位居民的就业问题,并签约17间创业商铺,涉及生活超市、健康养生、餐饮等多种业态。
图说 1 :8月27日,在深圳市龙华区安居尚龙苑,参加“安居乐业”计划的余淑娟(右)作为生鲜超市店员,和女儿一起整理蔬菜。新华社记者 毛思倩 摄
图说 2 :8月27日,在深圳市龙华区安居尚龙苑,参加“安居乐业”计划的余淑娟从生鲜超市下班后回家。新华社记者 毛思倩 摄








