
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ မိုးလေဝသပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် တရုတ်မိုးလေဝသဌာနက တရုတ်မိုးလေဝသဆိုင်ရာ AI စွမ်းရည်သုံး ကြိုတင်သတိပေးချက်အစီအစဉ် “MAZU (မားကျူ)” ၏ နီပေါအထူးပြုဗားရှင်းကို နီပေါမိုးလေဝသဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းထောက်က စက်တင်ဘာ ၂၂ ရက်တွင် တရုတ်မိုးလေဝသဌာနထံမှ သိရှိရသည်။
တရုတ်-နီပေါ နယ်စပ် ကျီလုန်-Rasuwa နယ်စပ်ဂိတ်တွင် ပြင်းထန်သော ရွှံ့မြေပြိုမှုဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်ဘက်က နီပေါဘက်သို့ မိုးလေဝသဆိုင်ရာ အာမခံဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်ခဲ့ပြီး ပူးတွဲဗီဒီယိုလင့်ခ်ဆွေးနွေးမှုများ ပြုလုပ်ကာ မိုးလေဝသခန့်မှန်းချက်နှင့် သတိပေးမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခဲ့သည်။ နီပေါဘက်၏ လိုအပ်ချက်အရ တရုတ်မိုးလေဝသဌာနက ဖုန်းယွမ်မိုးလေဝသဂြိုဟ်တုစသည့် စောင့်ကြည့်လေ့လာမှုဒေတာများကို အပြည့်အဝပေါင်းစည်းပေးခြင်း၊ “ဖုန်းချင်း” “ဖုန်းစွန့်” စသည့် ပြည်တွင်းထုတ် AI မိုးလေဝသခန့်မှန်းရေးပုံစံများ တပ်ဆင်ပေးခြင်း၊ ကြည်လင်ပြတ်သားမှုမြင့်မားပြီး လျင်မြန်စွာ အပ်ဒိတ်လုပ်ပေးနိုင်သည့် စောင့်ကြည့်မှု၊ ခန့်မှန်းမှုနှင့် သတိပေးမှုထုတ်ကုန်များကို အမြန်ထုတ်လွှင့်ပေးခြင်းတို့ဖြင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် အထောက်အပံ့ပေးခဲ့သည်။ ဩဂုတ် ၂၉ ရက်တွင် “MAZU (မားကျူ)” နီပေါအထူးပြုဗားရှင်းကို နီပေါမိုးလေဝသဌာနသို့ cloud-based စနစ်ဖြင့် စမ်းသပ်အသုံးပြုနိုင်ရန် ပေးအပ်ပြီးဖြစ်သည်။
“MAZU (မားကျူ)” နီပေါအထူးပြုဗားရှင်းသည် ဒေသခံပထဝီဝင်ပတ်ဝန်းကျင်၊ ဘေးအန္တရာယ်ဆိုင်ရာ ထူးခြားလက္ခဏာများ၊ အခြေခံအဆောက်အအုံနှင့် ဒေတာအခြေအနေများကို အပြည့်အဝပေါင်းစည်း၍ ဖန်းတီးထားပြီး cloud-based အစောပိုင်း ကြိုတင်သတိပေးရေးလုပ်ငန်း ပလက်ဖောင်းတစ်ခုသာမက နီပေါဘက်က AI စွမ်းရည်သုံး မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးနိုင်စွမ်းကို မျှဝေအသုံးပြုနိုင်သည့် အရေးကြီးသောပလက်ဖောင်းတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်ဟု ကမ္ဘာ့မိုးလေဝသဗဟိုဌာန (ပေကျင်း) လည်ပတ်ရေးရုံး၏ အကြီးတန်းအင်ဂျင်နီယာ ဟွာဝန်လိက မိတ်ဆက်ပြောကြားခဲ့သည်။
လက်ရှိတွင် “MAZU (မားကျူ)” ကို နိုင်ငံ ၇ နိုင်ငံ၌ အကောင်အထည်ဖော်အသုံးပြုနေပြီး နိုင်ငံပေါင်း ၅၀ ကျော်က cloud-based စနစ်ဖြင့် စမ်းသပ်အသုံးပြုလျက်ရှိသည်။ တရုတ်မိုးလေဝသဌာနညွှန်ကြားရေးမှူး ချန်ကျန့်လျင် က တရုတ်မိုးလေဝသဌာနသည် မိုးလေဝသကဏ္ဍ AI တီထွင်ဆန်းသစ်မှုနှင့် “MAZU (မားကျူ)” အစီအစဉ်အား ကမ္ဘာတစ်ဝန်းအကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ အစောပိုင်း ကြိုတင်သတိပေးနိုင်စွမ်းကို မြှင့်တင်ရန် ပိုမိုကြီးမားသော အင်အားစုများ ပံ့ပိုးပေးမည်ဟု ပြောကြားသည်။ (Xinhua)
…………………………………
(Chinese Version)
中国气象智能预警方案“妈祖”尼泊尔定制版交付
新华社北京9月22日电(记者邹雨沁、刘诗平)记者22日从中国气象局了解到,在第二届中国—中亚气象合作论坛上,中国气象局将中国气象智能预警方案“妈祖”尼泊尔定制版交付给尼泊尔气象局。
中国和尼泊尔边境吉隆-热索瓦口岸严重泥石流灾害发生后,中方持续向尼方提供气象保障服务,开展联合视频会商,提供预报预警支持。根据尼方需求,中国气象局充分整合风云气象卫星等观测数据,搭载“风清”“风顺”等国产AI气象预报模型,迅速上线高分辨率、快速更新的监测预报预警产品,为灾害救援提供支撑。8月29日,“妈祖”尼泊尔定制版已交付尼泊尔气象局云端试用。
世界气象中心(北京)运行办公室高级工程师华雯丽介绍,“妈祖”尼泊尔定制版充分结合当地地理环境、灾害特点、基础设施、数据条件打造,不仅是云端早期预警业务平台,还将成为尼方共享智能气象预警能力的重要载体。
目前,“妈祖”已在7国落地应用、50余个国家云上试用。中国气象局局长陈振林表示,中国气象局将加快推动气象AI创新发展和“妈祖”方案全球落地应用,为增强全球早期预警能力贡献更大力量。(完)
图说:7月19日,在2026世界人工智能大会上,参观者在中国气象局展台拍摄展品“妈祖”风云卫星AI工具箱。(陈浩明 摄)








