
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
"တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ဟာ ပြည်သူတွေကြားမှာ တည်ရှိတယ်။ မျှော်လင့်ချက်ဟာ ပြည်သူတွေဆီမှာပဲရှိသလို အနာဂတ်ဟာလည်း လူငယ်တွေဆီမှာ တည်ရှိပြီး တက်ကြွအားမာန်ပြည့်မှုဟာ ဒေသန္တရအဆင့် နယ်မြေဒေသတွေမှာ တည်ရှိပါတယ်" ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တစ်ခါက ပြောကြားခဲ့ဖူးသည်။
သမ္မတ ရှီသည် တရုတ်-အမေရိကန် ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုကို နှစ်ပေါင်းများစွာတိုင်အောင် တစိုက်မတ်မတ် မြှင့်တင်ပေးခဲ့ပြီး နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးကျွမ်းဝင်စေရန်နှင့် နှစ်နိုင်ငံ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ပိုမိုခိုင်မာအားကောင်းသော လူထုထောက်ခံအားပေးမှု ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နှလုံးသားချင်း ပိုမိုနီးကပ်စေခြင်း
တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာ့အရေးအပါဆုံး နှစ်နိုင်ငံဆက်ဆံရေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသည်။ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းအောင် မည်သို့လုပ်ဆောင်နိုင်မည်၊ မတူကွဲပြားမှုများနှင့် စိန်ခေါ်မှုများကို မည်သို့ကိုင်တွယ် ထိန်းသိမ်းနိုင်မည်ဆိုသော အချက်နှင့်စပ်လျဉ်း၍ သမ္မတရှီက ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုတို့၏ အလွန်အရေးပါသော အခန်းကဏ္ဍကို အလေးပေးပြောဆိုခဲ့သည်။
အမေရိကန်လူထုအား မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီက "နိုင်ငံအချင်းချင်း ဆက်ဆံရေးဟာ အဓိကအားဖြင့် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုအပေါ်မှာ မူတည်နေပြီး ပြည်သူကို အကျိုးပြုနိုင်ဖို့သာဖြစ်တယ်" ဟု မကြာခဏ အလေးထားပြောကြားခဲ့ဖူးသည်။
၂၀၁၅ ခုနှစ်က အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ဆီယက်တဲလ်မြို့သို့ ရောက်ရှိချိန် ရှီက တရုတ်ပြည်သူများနှင့် အမေရိကန်ပြည်သူများအနေဖြင့် အပြန်အလှန် ဖေးမကူညီသင့်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောပြရာတွင် "လူပုဂ္ဂိုလ်" ဟု အဓိပ္ပာယ်ရသည့် "ren" ဟူသော တရုတ်စာလုံးကို လက်ချောင်းများဖြင့် သရုပ်ဖော်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှနိုင်ပါသည်။
https://english.news.cn/20260923/c89703bc37e34e979cd10e78df6f4266/c.html
.............................
(English Version)
Xinhua Headlines: Xi builds friendship across the Pacific
BEIJING, Sept. 23 (Xinhua) -- "The foundation of China-U.S. relations lies among the people, the hope is in the people, the future lies in the youth, and the vitality lies in sub-national areas," Chinese President Xi Jinping once said.
For many years, Xi has consistently championed people-to-people friendship between China and the United States, seeking to bring the Chinese and Americans ever closer and rally stronger public support for the two countries to get along.
BRINGING HEARTS CLOSER
China-U.S. relations are widely regarded as the world's most important bilateral relationship. On how the two major countries can deepen cooperation and navigate differences and challenges, Xi has highlighted the vital role of people-to-people friendship and cultural exchanges.
Speaking to the American public, Xi has often stressed, "state-to-state relations ultimately rely on the support of the people and serve the people."
He once used his fingers to form the Chinese character "ren," meaning "person" to illustrate how the Chinese and American people should support each other in Seattle during his state visit to the United States in 2015.
https://english.news.cn/20260923/c89703bc37e34e979cd10e78df6f4266/c.html
Photo caption 1: Chinese and American youths participate in a friendly game of ping-pong at the Stilwell Museum in southwest China's Chongqing, on Jan. 16, 2026. (Xinhua/Chen Cheng)
Photo caption 2: Chinese and American youths communicate during a break of a music performance rehearsal at a school in Nanjing, east China's Jiangsu Province, July 17, 2026. (Xinhua/Li Bo)








