ကုလသမဂ္ဂ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံ သံတမန်က ဧပြီ ၂၁ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ယခုနှစ်သည် ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ကာလဖြစ်ကြောင်း၊ ကိုလံဘီယာနိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရည်မျှော်၍ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့ရာ သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သဖြင့် ပဋိပက္ခများကို စေ့စပ်ဆွေးနွေးမှု၊ ညှိနှိုင်းမှုတို့ဖြင့် ဖြေရှင်းရေးအတွက် စံနမူနာတစ်ခု ချမှတ်ပေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယင်းအား များစွာချီးကျူးကာ ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ယခင်ရရှိခဲ့သည့် တိုးတက်ဖြစ်ထွန်းမှုများအပေါ် အခြေခံတည်ဆောက်ကာ ပိုမိုသေချာရေရာသော ရလဒ်များ ဖော်ဆောင်ရာတွင် အထောက်အကူပေးလျက်ရှိသည်ဟု ၎င်းက လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်သည် ကိုလံဘီယာနိုင်ငံ၏ ရေရှည်တည်ငြိမ်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းမှု၊ လုံခြုံမှုတို့အတွက် ပဓာနကျသည့်အလျောက် ယင်းအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သမ္မတရွေးကောက်ပွဲ ကျင်းပရန် တစ်လအလိုတွင် ကိုလံဘီယာနိုင်ငံသည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာ၌ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ယှဉ်တွဲနေသည့် အလွန်အရေးကြီးသော အဆင့်၌ ရောက်ရှိနေကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးနောက်တွင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် ကိုလံဘီယာပြည်သူများအတွက် ခိုင်မြဲသော ကတိကဝတ်ကို စောင့်ထိန်းခြင်း၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအောင် လုပ်ဆောင်ခြင်း၊ ငြိမ်းချမ်းရေးအတွက် ခဲရာခဲဆစ် ရယူခဲ့ရသော တိုးတက်မှုများကို စုစည်းတည်ဆောက်ခြင်း၊ ယင်းသဘောတူညီချက်အား ဖော်ဆောင်ရာတွင် ကြုံတွေ့ရသည့် အန္တရာယ်များနှင့် စိန်ခေါ်မှုများကို တက်တက်ကြွကြွ ကိုင်တွယ်ဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း စွန်းက ပြောကြားခဲ့သည်။
“ကိုလံဘီယာအစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် လုံခြုံရေးကို အားဖြည့်ဆောင်ရွက်တာ၊ သဘောတူညီချက်မှာ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို အရှိန်မြှင့် အကောင်အထည်ဖော်တာ၊ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေမှာ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေ တိုးမြှင့်ချထားတာ၊ တရားမဝင် လက်နက်ကိုင်အုပ်စုတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်တာ၊ အရပ်သားတွေနဲ့ လက်နက်ကိုင်အဖွဲ့ဝင်ဟောင်းတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးတာတွေကို တရုတ်နိုင်ငံက ထောက်ခံအားပေးပါတယ်” ဟု ၎င်းက ဆိုသည်။
ကိုလံဘီယာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်ရာတွင် ကျေးလက်ဒေသ ဘက်စုံပြုပြင်ပြောင်းလဲမှုကို ဦးစားပေးဆောင်ရွက်နေသည့်အပေါ် တရုတ်နိုင်ငံက ချီးကျူးပါကြောင်း၊ ထို့အတူ ကိုလံဘီယာ အစိုးရအနေဖြင့် အကြမ်းဖက်မှု၏ အရင်းခံအကြောင်းရင်းများကို ဆောလျင်စွာ ဖယ်ရှားနိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့ဝင်ဟောင်းများအား လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်စေမည့် အခြေအနေများ ဖန်တီးပေးမည်ဟု မျှော်လင့်ကြောင်း စွန်းက ပြောသည်။
ကိုလံဘီယာအစိုးရနှင့် ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ခိုင်ခိုင်မာမာ ထောက်ခံအားပေးမှုကို လိုအပ်နေကြောင်း၊ ကိုလံဘီယာနိုင်ငံက ဦးဆောင်ပြီး ကိုလံဘီယာနိုင်ငံ၏ ကိုယ်ပိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုအထောက်အကူပေးနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………..
(English Version)
China calls for continued implementation of Colombian peace accord
UNITED NATIONS, April 21 (Xinhua) — A Chinese envoy on Tuesday called for efforts to implement the Colombian peace agreement.
This year marks the 10th anniversary of the signing of the Colombian peace agreement. Over the past decade, the government and people of Colombia have made tremendous efforts and achieved notable progress toward lasting peace and development, setting a model for resolving conflicts through dialogue and negotiation, said Sun Lei, China’s deputy permanent representative to the United Nations.
China highly commends this and supports Colombia’s peace process in building on the past achievements and delivering more tangible results, he told the Security Council.
The peace agreement should be continuously implemented, as it is essential for Colombia’s long-term stability and regional peace and security, he said.
With the presidential elections a month away, Colombia is at a critical juncture where opportunities and challenges coexist in implementing the peace agreement. After the elections, all parties concerned should uphold the firm commitment to the Colombian people, strengthen unity and cooperation, consolidate the hard-won gains in peace, actively address risk and challenges in implementing the agreement, and inject new impetus into the peace process, said Sun.
“China supports the Colombian government in strengthening security for the elections, while accelerating the implementation of the security provisions of the agreement, increasing state security presence in remote areas, combating illegal armed groups and organized crime, and effectively protecting civilians and former combatants,” he said.
China commends the Colombian government for prioritizing comprehensive rural reform in the implementation of the peace agreement. It is also hoped that the Colombian government will create conditions for the reintegration of former combatants into society so as to remove the root causes of violence at an early date, said Sun.
The Colombian government and people need strong support from the United Nations and the international community in their pursuit of peace. China stands ready to work with the international community to provide more assistance to a peace process that is Colombian-led and Colombian-owned, he said.
English Caption
Sun Lei (C), China’s deputy permanent representative to the United Nations, speaks at an emergency meeting of the Security Council at the UN headquarters in New York, on Dec. 29, 2025. (Xinhua/Zhang Fengguo)
ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံ တိုက်တွန်း
MORE NEWS

အန်ဆယ်လော့တီ ဘရာဇီးအသင်းမှ ထွက်ခွာရမည်ဟု ရိုမာရီယို ပြော
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဘရာဇီးအသင်း တိုက်စစ်မှူးဟောင်း ရိုမာရီယိုက ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အရှက်ရစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ကျန်ရှိနေသော်လည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြ၏ အနေအထားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။"သူ ဘရာဇီးအသင်းနည်းပ
Read Full Story

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတစ်လျှောက် ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုရှိ
Read Full Story

“တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆမှာ မှန်ကန်မှုမရှိကြောင်း သိသာဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခ
Read Full Story

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ချိုမိုလန်းမားတောင်ပေါ်ရှိ အိုဇုန်းဓာတ်ငွေ့ပမာဏ ဒေါင်လိုက်ပျံ့နှံ့တည်ရှိမှုကို လေ့လာစောင့်ကြည့်ရာတွင် အောင်မြင်မှုတစ်ရပ်ရရှိခဲ့
SHIGATSE ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်သိပ္ပံပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော တောင်ပံပုံသေတပ်ဆင်ထားသည့် ဟိုက်ဘရစ်ဒရုန်းတစ်စင်းကို အသုံးပြုကာ ချိုမိုလန်းမားတောင်တန်းဒေသတွင် မြေပြင်မှ အမြင့် ၈,၈၆၁ မီတာအထိ လေထုထဲက အိုဇုန်းဓာတ်ငွေ့ပမာဏအား ဒေါင်လိုက်တိုင်းတာမှုကို ပထမဆုံးအကြိမ် ပြီးမြောက်အောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………..(English Version) Chinese team makes breakthrough in observing vertical ozone distribution over Mount Qomolangma Chinese scienti
Read Full Story

တရုတ်နိုင်ငံမှ လှံတံပစ်အားကစားမယ် Yan Ziyi က မိုနာကို ဒိုင်းမွန်းလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက်ဆွတ်ခူး
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ယန်ကျစ်ရည် ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပဲရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဇူလိုင် ၁၀ ရက်က မိုနာကိုနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် လှံတံပစ်အားကစားမယ် ယန်ကျစ်ရည်က ၎င်း၏ လေးကြိမ်ဆက်တိုက်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြင့် ၂၀၂၆ ခုနှစ် ဒိုင်းမွန်းလိဂ်ရာသ
Read Full Story

ရှင်းကျန်းဒေသရှိ မြို့တစ်မြို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် အပူဒဏ်လျှော့ချရေး အစီအမံများ ချမှတ်ဆောင်ရွက်
ထူလူဖန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီက ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူလူဖန်းမြို့တွင် အပူချိန်သည် ၄၉.၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့ ပြင်းထန်လှသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ၎င်းဒေသတွင် အပူဒဏ်လျှော့ချရေး အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)……………………………………..(English Version) City in Xinjiang rolls out cooling measures as temperatures hit record high Turpan in Xinjiang saw temperatures soar to a record 49.1 degrees Cel
Read Full Story

“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊
Read Full Story

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ပါဝင်ကူညီ
ကွမ်ရှီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မေဆတ် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် လူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည် ဒရုန်းများနှင့် လှေငယ်များ ကိုယ်စီယူဆောင်လာကာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ (Xinhua)……………………………………..(English Version) Volunteers power flood rescue efforts in south China's GuangxiIn the wake of Typhoon Maysak, people of many walks of life have stepped forward with drones and sma
Read Full Story
‹
1
2
...
290
›
