
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်းအား ကောင်းမွန်စွာ အကောင်အထည်ဖော်လိုပြီး ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းအား လက်တွဲအတူတည်ဆောက်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကို ယမန်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ရလဒ်အသစ်များစွာ ရရှိခဲ့ကြောင်း၊ ရှေ့သီတင်းပတ်က ဖိန်လုတူးမြောင်း တရားဝင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ရာ ပြည်တွင်းပြည်ပ လူအများ၏ များစွာ အာရုံစိုက်မှုခံခဲ့ရကြောင်း၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ “ရွှေရောင်ပလက်ဖောင်း” နှင့် ဖိန်လုတူးမြောင်း “ရွှေရောင်လမ်းကြောင်း” တို့သည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို ဖွင့်လှစ်သွားမည်ဟု သုံးသပ်ပြောကြားကြကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်း ဟု မေးမြန်းခဲ့သည်။
ကောကျားခွန်းက တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်နာမည်ကတ်” ဖြစ်ကြောင်း၊ ၂၃ နှစ်တာ ကာလအတွင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် အာဆီယံသည် “ရွှေရောင်ဆယ်စုနှစ်” မှ “စိန်ရောင်ဆယ်စုနှစ်” အထိ ထိုမှတစ်ဆင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်း၏ အဆင့်မြှင့်တင် ခုန်ပျံကျော်လွှား တိုးတက်မှုကို သက်သေထူခဲ့ကြောင်း၊ ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် “အာဆီယံနိုင်ငံများ လိုအပ်ချက် ပြခန်းဇုန်” အား ဖွင့်လှစ်ပြသခဲ့ပြီး အာဆီယံနိုင်ငံများ၏ လိုအပ်ချက်စာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ရာ “အာဆီယံမှ မေးခွန်းထုတ်ပြီး တရုတ်နိုင်ငံမှ ဖြေကြားခြင်း” နည်းလမ်းအသစ်ဖြင့် ပံ့ပိုးမှုနှင့် လိုအပ်ချက် တိကျစွာ ချိတ်ဆက်မှုကို တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဖိန်လုတူးမြောင်း ပြခန်းဇုန်ကိုလည်း သီးသန့်ဖွင့်လှစ်ပြသခဲ့ပါတယ်။ တူးမြောင်းစတင်အသုံးပြုပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှ အာဆီယံနိုင်ငံများသို့ ရေကြောင်းပို့ဆောင်ရေး အကွာအဝေးကို များစွာလျှော့ချပေးမှာဖြစ်ပြီး နှစ်ဖက်ကုန်သွယ်ရေး အပြန်အလှန်သွားလာမှု လမ်းကြောင်းအသစ်ကို ဖွင့်လှစ်ပေးလိုက်မှာ ဖြစ်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများနဲ့ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်းအား ကောင်းမွန်စွာ အကောင်အထည်ဖော်လိုပြီး ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းအား လက်တွဲအတူတည်ဆောက်လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:愿同东盟各国落实好自贸区3.0版
新华社北京9月22日电(记者马卓言、万倩仪)第23届中国—东盟博览会21日成功闭幕,外交部发言人郭嘉昆22日表示,中方愿同东盟各国落实好自贸区3.0版,携手共建更为紧密的中国—东盟命运共同体。
当日例行记者会上,有记者问:昨天,第23届中国—东盟博览会成功闭幕,取得不少新成果。上周,平陆运河正式通航受到国内外舆论高度关注。有评论称,东博会“黄金平台”和平陆运河“黄金通道”将开启中国—东盟合作新篇章。发言人对此有何评论?
郭嘉昆说,中国—东盟博览会是双方合作的“金色名片”。23年来,东博会见证中国与东盟从“黄金十年”到“钻石十年”再到自贸区3.0版的升级跨越。本届东博会首次设立“东盟国家需求展区”,首次发布东盟国家需求清单,以“东盟出题、中国解题”新模式,推动供需精准对接。
“本届东博会还专门设立了平陆运河展区,运河通航后将大幅缩短中国西南地区到东盟国家的海运距离,开辟双方贸易往来新通道。”郭嘉昆表示,“中方愿同东盟各国落实好自贸区3.0版,携手共建更为紧密的中国—东盟命运共同体。”(完)








