တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းမြို့ ယုံနင်းခရိုင် မင်နင်းမြို့နယ်ရှိ ပြဇာတ်ကျေးရွာအတွင်း၌ ခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုနေကြသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းမြို့ ယုံနင်းခရိုင် မင်နင်းမြို့နယ်ရှိ ပြဇာတ်ကျေးရွာအတွင်း၌ ခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုနေကြသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရင်ချွမ်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မင်နင်း-ပြဇာတ်ကျေးရွာသည် တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းမြို့ ယုံနင်းခရိုင် မင်နင်းမြို့နယ်တွင် တည်ရှိသည်။

ဤစီမံကိန်းသည် မင်နင်းဒေသဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု၏ နှစ်ပေါင်း ၃၀ ကြာ သမိုင်းကြောင်းကို အခြေခံထားပြီး ရှီးဟိုင်ကုဒေသမှ ရွှေ့ပြောင်းပြည်သူများ၏ “အသက်ရှင်ရပ်တည်ရေး” မှ “ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး” အထိ သမိုင်းကြောင်းကို ပင်မထားကာ မူရင်းပြဇာတ် ၃၆ ခု အပါအဝင် တင်ဆက်ပြသမှုပေါင်း ၁၀၀ ကျော်ကို သေသပ်ပြောင်မြောက်စွာ ဖန်တီးပြသခဲ့ရာ မင်နင်းမြို့နယ်သည် “ခြောက်သွေ့သော သဲသောင်ပြင်” မှ “ရွှေရောင် သဲသောင်ပြင်” အထိ သမိုင်းဝင် ပြောင်းလဲတိုးတက်လာမှုကို ဘက်စုံထင်ဟပ်ပြသခဲ့သည်။ တောတောင်ရေမြေကို ဖြတ်ကျော်၍ ရွပ်ရွပ်ချွံချွံလက်တွဲတိုက်ပွဲဝင်ခဲ့သော ကြိုးစားအားထုတ်မှု မော်ကွန်းဝင်သမိုင်းကြောင်းဇာတ်လမ်းတစ်ပုဒ်ကို သက်ဝင်လှုပ်ရှားစွာ ပုံရိပ်ဖော်ညွှန်းထားသည်။

ဇူလိုင်လ ၁ ရက် စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ မင်နင်း-ပြဇာတ်ကျေးရွာသည် ခရီးသွားဧည့်သည်အကြိမ်ရေ ၁၃၀,၀၀၀ ကျော်ကို လက်ခံခဲ့ပြီး စုစုပေါင်းဝင်ငွေ ယွမ် ၁၃ သန်းကျော်ရရှိကာ အနီးဝန်းကျင်ပြည်သူ ၂,၅၀၀ ဦးအတွက် အလုပ်အကိုင်ရရှိ၍ ဝင်ငွေတိုးစေခဲ့သည်။

လက်ရှိအဆင့်တွင် ဤယဉ်ကျေးမှုခရီးသွား စီးဆင်းမှုသည် အလုပ်အကိုင်နေရာများနှင့် စားသုံးမှုဆိုင်ရာ ရှင်သန်အားကောင်းစေလျက်ရှိပြီး ပတ်ဝန်းကျင် စီးပွားရေးအနေအထား အဆင့်မြှင့်တင်မှုကို တွန်းအားပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

...................................

(Chinese Version)

活力中国调研行丨看见闽宁·戏剧村落:山海情焕发新动能

新华社照片,银川,2026年9月23日

看见闽宁·戏剧村落位于宁夏银川市永宁县闽宁镇,项目立足闽宁协作30年的时代背景,以西海固移民群众从“谋生存”到“促发展”的历史脉络为主线,精心布景并打造了包括36部原创剧目在内的超百场演出,立体呈现闽宁镇从“干沙滩”到“金沙滩”的历史性跨越,生动讲述一部跨越山海、携手攻坚的奋斗史诗。

自7月1日开园至今,看见闽宁·戏剧村落已累计接待游客超13万人次,总营收超1300万元,带动周边2500名群众就业增收。现阶段,这份文旅流量正在转化为就业岗位与消费活力,带动周边业态提档升级。

图说1:9月22日,游客在看见闽宁·戏剧村落内参观。新华社记者 刘海 摄

图说2:这是9月22日在看见闽宁·戏剧村落内拍摄的黄土窑剧场一景。新华社记者 刘海 摄