ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ရန်အတွက် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ စတင်ထွက်ခွာခဲ့သည်။

ရှီကျင့်ဖိန်နှင့်အတူ ခရီးစဉ်လိုက်ပါသွားသူများတွင် သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုအထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

习近平离京对美国进行国事访问

新华社北京9月23日电 9月23日下午,国家主席习近平乘专机离开北京,应美国总统特朗普邀请,对美国进行国事访问。  

陪同习近平出访的有:习近平主席夫人彭丽媛,中共中央政治局常委、中央办公厅主任蔡奇,中共中央政治局委员、外交部部长王毅等。(完)