
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်လျက်ရှိရာ တစ်ကမ္ဘာလုံး၏ အထူးအာရုံစိုက်မှုကို ခံနေရသည့် တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးပါသော ကာလတစ်ခုသို့ ထပ်မံရောက်ရှိလာပြီဖြစ်သည်။
မေလအတွင်းက ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အပြီး လပိုင်းအကြာတွင် ရှီ၏ နိုင်ငံတော်ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအနေဖြင့် ခြောက်လအတွင်း အပြန်အလှန်ခရီးစဉ်များ သွားရောက်ခြင်းမှာ သမိုင်းတွင်မည့် အလွန်ထူးခြားအရေးပါသော သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်သည်။
တစ်ကြိမ်တစ်ခါ တွေ့ဆုံခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမှာ လက်တွေ့မကျသော်လည်း လာမည့် ရှီ-ထရမ့် ထိပ်သီးဆွေးနွေးပွဲသည်ပင်လျှင် အဓိကကျသော ရှေ့ပြေးခြေလှမ်းတစ်ရပ်ဖြစ်ရာ ၂၀၂၆ ခုနှစ်အား တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် စာမျက်နှာသစ် ဖွင့်လှစ်ပေးမည့် သမိုင်းဝင်နှစ်တစ်နှစ် ဖြစ်လာစေရန် နှစ်ဖက်စလုံးအတွက် အလွန်အရေးပါသော အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
မေလအတွင်းက ၎င်းတို့နှစ်ဦး၏ ယခင်တွေ့ဆုံမှုတွင် ခေါင်းဆောင်နှစ်ဦးသည် အပြုသဘောဆောင်၍ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသော တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီမှုသည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေနေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ရှင်းလင်းတိကျသော လမ်းကြောင်းကို ညွှန်ပြပေးလျက်ရှိသည်။
ယခုတစ်ကြိမ်တွင် နှစ်ဖက်အနေဖြင့် အရေးပါသော အဆိုပါအပြန်အလှန်နားလည်မှုကို အခြေခံကာ တရုတ်-အမေရိကန် ဆက်ဆံရေးဟူသော ဧရာမသင်္ဘောကြီးကို နောင်လာမည့် နှစ်များအတွင်း တည်ငြိမ်သောလမ်းကြောင်းဆီသို့ ပဲ့ကိုင်လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။
လွန်ခဲ့သောနှစ်များအတွင်း အမေရိကန်အစိုးရက တရုတ်နိုင်ငံအပေါ် ကိုယ်ကျိုးစီးပွားကာကွယ်သည့် ကုန်သွယ်ရေးမူဝါဒ ကျင့်သုံးခဲ့သော်လည်း ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် အဓိကမဏ္ဍိုင်အဖြစ် တည်ရှိနေဆဲဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260923/3a9359e5247b4394ba7e8383ac30323c/c.html
.................................
(English Version)
Xinhua Commentary: A pivotal moment for stable China-U.S. relations
BEIJING, Sept. 23 (Xinhua) -- China-U.S. relations are once again approaching a pivotal moment that has drawn keen global attention, as Chinese President Xi Jinping travels to the United States at the invitation of U.S. President Donald Trump.
Xi's state visit comes just months after Trump's China trip in May. The exchange of visits between the two heads of state within six months is of historic and milestone significance.
It would be unrealistic to expect a single meeting to resolve all the problems in China-U.S. relations, but the upcoming Xi-Trump summit itself is a key step forward, providing both sides with a crucial opportunity to make 2026 a historic year that opens a new chapter in China-U.S. relations.
During their last meeting in May, the two heads of state agreed to build a constructive China-U.S. relationship of strategic stability. The consensus charts a clear course for bilateral ties at a time when the two major countries in the world are seeking a right way for them to get along.
This time, the two sides can build on that vital mutual understanding and steer the giant ship of China-U.S. ties toward a steady course in the years ahead.
Despite Washington's protectionist trade policy against China in recent years, economic and trade cooperation remains a major pillar for the development of the relationship between the world's top two economies.
https://english.news.cn/20260923/3a9359e5247b4394ba7e8383ac30323c/c.html
Photo caption 1: This photo taken on Aug. 17, 2026 shows the White House in Washington, D.C., the United States. (Xinhua/Li Rui)
Photo caption 2: A Tesla Cybercab is seen at the booth of Tesla at the Automobile and Smart Mobility exhibition area of the eighth China International Import Expo (CIIE) in east China's Shanghai, Nov. 8, 2025. (Xinhua/Cai Xiangxin)








