
မော်စကို၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
လက်ရှိတွင် ရုရှား-အမေရိကန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာ၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် နှစ်နိုင်ငံပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ တစ်နေ့တခြား တက်ကြွလာလျက်ရှိပြီး နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော သဘောတူညီချက်အရ “နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်” အမြန်ဆုံး ဆောင်ရွက်သင့်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က စက်တင်ဘာ ၂၃ ရက်တွင် နယူးယောက်မြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် တွေ့ဆုံစဉ် ပြောကြားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိုနေ့ သတင်းအရ သိရသည်။
Lavrov က ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်းရှိ “လှုံ့ဆော်မှုဖြစ်စေသည့်အချက်များ” ကို ဖယ်ရှားရန်အတွက် ရိုးသားပွင့်လင်းမှုရှိသော ဆွေးနွေးမှုများ လုပ်ဆောင်ရန် လိုအပ်ပြီး နှစ်နိုင်ငံသံတမန်အဖွဲ့အစည်းများ ပုံမှန်လည်ပတ်နိုင်ရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်၌ “လက်တွေ့သိမ်းယူခံထားရသော” ရုရှားဘက်မှ ပိုင်ဆိုင်မှုများကို အမေရိကန်ဘက်က ပြန်လည်ပေးအပ်သင့်ကြောင်း ပြောကြားသည်။ ယင်းတို့အားလုံးသည် ရုရှား-အမေရိကန် “နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်” မရှိမဖြစ် လိုအပ်သော ကြိုတင်အခြေအနေများ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးလမ်းစဉ်များကို ညှိနှိုင်းဆွေးနွေးရာတွင် Lavrov က ယူကရိန်းအာဏာပိုင်များနှင့် ၎င်းတို့၏ “ဥရောပရန်ပုံငွေထောက်ပံ့သူများ” ပူးပေါင်းဆောင်ရွက်မှု နီးကပ်ကြောင်း ထောက်ပြခဲ့သည်။ ၎င်းက ရုရှားအနေဖြင့် အထူးစစ်ဆင်ရေးရည်မှန်းချက်များကို ပြတ်သားခိုင်မာစွာ ရှေ့ဆက်တွန်းအားပေးမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် နိုင်ငံရေးနှင့် သံတမန်ရေးရာနည်းလမ်းများဖြင့် “ပဋိပက္ခဇာစ်မြစ် ဖယ်ရှားရေး” အခြေခံပေါ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့အပြင် နှစ်ဖက်သည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အကြောင်းအရာအများအပြားကို ဆွေးနွေးခဲ့ပြီး အရှေ့အလယ်ပိုင်း၊ တောင်ဘက်ကော့ကေးဆပ်၊ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ အခြေအနေများ ပါဝင်သည်။ ရုရှား-အမေရိကန် နှစ်ဖက်သည် ယခုနှစ် G20 အစည်းအဝေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
.........................
(Chinese Version)
俄外长:俄美应尽快“修复双边关系”
新华社莫斯科9月23日电 据俄罗斯外交部23日消息,俄外长拉夫罗夫当天在纽约同美国国务卿鲁比奥会晤时表示,当前围绕俄美经济合作前景、人文交流和便利两国人员往来等议题的讨论日趋活跃,双方应根据两国元首达成的共识尽快“修复双边关系”。
拉夫罗夫表示,俄美需要就消除双边关系中的“刺激因素”开展坦诚对话,推动两国外交机构恢复正常运转,同时美方应归还在美遭“实际没收”的俄方资产。这些都是俄美“修复双边关系”的前提条件。
在磋商乌克兰危机解决路径时,拉夫罗夫指出,乌当局与其“欧洲资助方”配合密切。他重申,俄罗斯将坚定不移推进特别军事行动目标,同时也会通过政治和外交途径,在“消除冲突根源”的基础上化解俄乌冲突。
此外,双方就多项国际和地区议题展开讨论,涵盖中东、外高加索、拉丁美洲和加勒比地区局势。俄美双方还就本年度二十国集团相关会务的筹备工作交换了意见。(完)
图说:1月20日,俄罗斯外交部长拉夫罗夫在莫斯科举行的年度记者会上回答问题。 新华社发(亚历山大摄)








