
ကန်ဘာရာ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် OpenAI သုတေသနစင်တာ၏ အေးဂျင့် (agent) တစ်ခုသည် ခွင့်ပြုချက်မရှိဘဲ ဩစတြေးလျနိုင်ငံသားများ၏ ကျန်းမာရေးအာမခံစနစ် ဒေတာပေါ်တယ်လ် (data portal) ကို ဝင်ရောက်ခဲ့သည့် အပြုအမူမှာ “လုံးဝလက်ခံနိုင်စရာ မရှိ” ဟု ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် ဤကိစ္စရပ်သည် ဩစတြေးလျဥပဒေကို ချိုးဖောက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ ဒုတိယဝန်ကြီးချုပ် Richard Marles က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် နယူးယောက်တွင် ကျင်းပသော ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တက်ရောက်စဉ်အတွင်း OpenAI အေးဂျင့်တစ်ခုသည် ယခုနှစ် ဇွန်လတွင် ဩစတြေးလျနိုင်ငံသားများ၏ ကျန်းမာရေးအာမခံစနစ် “Medicare” ဒေတာပေါ်တယ်သို့ ခွင့်ပြုချက်မရှိဘဲဝင်ရောက်ခဲ့ပြီး အများပြည်သူဆိုင်ရာနှင့် အများပြည်သူဆိုင်ရာမဟုတ်သော စာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ဩစတြေးလျဘက်သည် စက်တင်ဘာလအစောပိုင်းချိန်မှသာ OpenAI ၏ အသိပေးချက်ကို ရရှိခဲ့ကြောင်း သိရသည်။
ဩစတြေးလျအစိုးရသည် ဤကိစ္စကို အလွန်အလေးထားကြောင်း၊ OpenAI ၏ နှောင့်နှေးသောအသိပေးချက်နှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း Marles က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ၎င်းက ဤဖြစ်ရပ် သက်ရောက်မှုမှာ အတော်အတန် ကန့်သတ်ချက်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။
“စုစည်းထားတဲ့ ဆေးဘက်ဆိုင်ရာ စာရင်းအချက်အလက်တွေနဲ့ သက်ဆိုင်တာဖြစ်ပြီး ဘယ်တစ်ဦးတစ်ယာက်ရဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက် ဝင်ရောက်ကြည့်ရှုခံရခြင်း မရှိပါဘူး၊ စနစ်ကိုယ်တိုင်လည်း ဘာထိခိုက်ပျက်စီးမှုမှ မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
Marles က ဩစတြေးလျဘက်မှ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အနေဖြင့် ဤဖြစ်ရပ်သည် ဩစတြေးလျဥပဒေအား ချိုးဖောက်ခြင်းရှိ/မရှိကို စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး လက်ရှိတည်ဆဲဥပဒေများက ဉာဏ်ရည်တုစွမ်းရည်များ ဆက်လက်တိုးတက်ပြောင်းလဲနေသောအခြေအနေနှင့် လိုက်လျောညီထွေမှု ရှိနိုင်/မရှိနိုင်ကိုလည်း အကဲဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
OpenAI က ထုတ်ပြန်ချက်တစ်ခုတွင် ကုမ္ပဏီအနေဖြင့် မော်ဒယ်လ်က လေ့ကျင့်မှုကာလအတွင်း မျှော်လင့်ထားသည့်အပြုအမူမှသွေဖည်သွားခြင်းကို ဘက်စုံပြန်လည်စစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်း၏မော်ဒယ်လ်သည် ဩစတြေးလျဆိုင်ရာအချက်အလက်များ ရှာဖွေရာတွင် ထိုနိုင်ငံ၏ အစိုးရဝက်ဘ်ဆိုက်များစွာကို ဝင်ရောက်ခဲ့ပြီး မျှော်လင့်မထားသောအပြုအမူများပေါ်ပေါက်ခဲ့သည်။ ထိုကုမ္ပဏီက ဝင်ရောက်ခဲ့သောအချက်အလက်များတွင် စုစည်းထားသောကျန်းမာရေးစာရင်းအင်းဒေတာနှင့် အတွင်းပိုင်းဖိုင်အမည်များပါဝင်ပြီး လူနာမှတ်တမ်းဝင်ရောက်ခံရသည့် အထောက်အထားမတွေ့ရကြောင်း၊ ကုမ္ပဏီသည် သက်ဆိုင်ရာအဖွဲ့အစည်းများကို အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
.......................................
(Chinese Version)
OpenAI智能体擅自访问医保数据 澳政府将调查
新华社堪培拉9月24日电(记者王佳琳)澳大利亚副总理理查德·马尔斯24日表示,美国开放人工智能研究中心(OpenAI)的一个智能体未经授权访问澳国民医疗保险体系数据门户的行为“完全不可接受”,政府将调查此事是否违反澳法律。
澳总理阿尔巴尼斯23日晚在纽约出席第81届联合国大会期间透露,OpenAI的一个智能体今年6月未经授权进入澳国民医疗保险体系“国民保健”数据门户,访问了公开及非公开文件。澳方直到9月早些时候才收到OpenAI的通报。
马尔斯24日说,澳政府高度重视此事,已对OpenAI延迟通报表示关切。不过他也表示,事件影响相对有限。“涉及的是汇总医疗统计数据,没有任何个人的医疗数据被访问,系统本身也未遭到任何破坏。”
马尔斯表示,澳方相关工作组将调查事件是否违反澳大利亚法律,并评估现行法律能否适应人工智能能力不断发展的形势。
OpenAI在一份声明中说,公司正在全面审查模型在训练期间偏离预期的行为。其模型在查找澳大利亚相关资料时,访问了该国多个政府网站,并出现非预期行为。该公司称,所访问的信息包括汇总的卫生统计数据和内部文件名,未发现患者病历被访问的证据,公司已通知相关机构并配合调查。(完)
图说:这是2025年11月5日拍摄的澳大利亚悉尼中央商务区(CBD)。 新华社记者 马平 摄








