
ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စားသုံးသူစျေးကွက်သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု နှစ်မျိုးလုံး အရေးပါသည့် အဆင့်သစ်သို့ ရောက်ရှိနေပြီဖြစ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လတာကာလအတွင်း ဝန်ဆောင်မှု လက်လီရောင်းအားမှာ ကုန်စည် လက်လီရောင်းအားထက် ငါးဆနီးပါး ပိုမိုလျင်မြန်စွာ တိုးတက်လာခဲ့ရာ ယင်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စားသုံးသူစျေးကွက်၏ တရားဝင် ညွှန်ကိန်းသစ်တစ်ခုက ဖော်ပြလိုက်သော ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ကုန်စည်နှင့် ဝန်ဆောင်မှု လက်လီရောင်းအား စုစုပေါင်းသည် ယမန်နှစ် ကာလတူထက် ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဝန်ဆောင်မှု လက်လီရောင်းအားမှာ ၄.၉ ရာခိုင်နှုန်း၊ ကုန်စည် လက်လီရောင်းအားမှာ ၁ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ယခုနှစ် ဇွန်လတွင် အမျိုးသားစာရင်းအင်းဗျူရိုက “လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု လက်လီရောင်းအား စုစုပေါင်း” ညွှန်ကိန်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ရာ ဝန်ဆောင်မှုလုပ်ငန်းများက ပြည်တွင်းဝယ်လိုအား၏ ပိုမိုအရေးပါလာသော မောင်းနှင်အားတစ်ခု ဖြစ်လာချိန်တွင် ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းမှာ ဝယ်ယူသုံးစွဲမှု အခြေအနေအရပ်ရပ်ကို ပိုမိုပြည့်စုံစွာ ထင်ဟပ်စေသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
“တစ်ဦးချင်းဝင်ငွေ မြင့်မားလာတာနဲ့အမျှ ဝန်ဆောင်မှုအတွက် ငွေကြေးသုံးစွဲမှုက ကုန်ပစ္စည်းတွေအတွက် သုံးစွဲမှုထက် ပိုမိုလျင်မြန်စွာ တိုးတက်လာခြင်းဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ စီးပွားရေးနိယာမတစ်ခုပါပဲ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တရုတ် နိုင်ငံတကာကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ လျင်ကျန့်က ပြောကြားခဲ့သည်။
အဆိုပါအပြောင်းအလဲကို စားသုံးသူအလေ့အထများ ပြောင်းလဲလာမှုတွင် မြင်တွေ့နိုင်မည်ဖြစ်သည်။ ဆန်းတုန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ကျန်းဝေ့ဟွာက ဝယ်ယူသုံးစွဲသူများသည် “ကုန်ပစ္စည်း ဝယ်ယူခြင်း” မှ “စိတ်အေးချမ်းမှုကို ဝယ်ယူခြင်း” သို့လည်းကောင်း၊ “လုပ်ငန်းဆောင်တာအတွက် သုံးစွဲမှု” မှ “အတွေ့အကြုံအတွက် သုံးစွဲမှု” သို့ လည်းကောင်း ကူးပြောင်းလာခဲ့ကာ ကိုယ်တိုင်ပါဝင်ခံစားနိုင်ပြီး အပြန်အလှန် ဆက်သွယ်မှုရှိကာ စိတ်ခံစားမှုအရ အကျိုးရှိသော အတွေ့အကြုံများကို ရှာဖွေနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Xiamen International Cruise Home Port Group ကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌ ချန်ချွမ်းဟွေးကမူ “သင်္ဘောပေါ်ကနေ ကမ်းခြေအထိ အပျော်စီးသင်္ဘောစီးရင်း ငွေကြေးသုံးစွဲမှုဟာ အစားအသောက်၊ တည်းခိုနေထိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ရှုခင်းကြည့်ခြင်း၊ ဈေးဝယ်ထွက်ခြင်းနှင့် ဖျော်ဖြေရေးတို့ ပေါင်းစပ်ပါဝင်နေပြီး များပြားစုံလင်တဲ့ အတွေ့အကြုံတွေအပေါ် တောင်းဆိုမှုမြင့်မားလာတာကို ထင်ဟပ်စေတယ်” ဟု ဆိုသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ ရှမန်ကမ်းရိုးတန်းမြို့၌ တရုတ်နိုင်ငံ၏ အပျော်စီးသင်္ဘော သယ်ယူပို့ဆောင်ရေး ရှေ့ပြေးစမ်းသပ်ဆိပ်ကမ်း လေးခုအနက် တစ်ခုဖြစ်သော Xiamen International Cruise Home Port တွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဝင်ရောက်ဆိုက်ကပ်သော အပျော်စီးသင်္ဘောအရေအတွက်မှာ ယမန်နှစ်ကာလတူထက် ၃၃ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ခရီးသည်အရေအတွက်သည်လည်း ၁၈၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့ကြောင်း ချန်က ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260924/7837c3b4281f43d1a1dfb17e4777f902/c.html


.................................
(English Version)
(China Economic Roundtable) Service consumption outpaces goods as China's consumer market enters new stage: experts
BEIJING, Sept. 24 (Xinhua) -- China's consumer market has entered a new stage in which goods and services are both important, with service retail sales expanding at nearly five times the pace of goods retail sales in the first eight months of this year, a structural shift captured by a new official indicator in the world's second-largest consumer market.
Total retail sales of consumer goods and services rose 2.5 percent year on year in the January-August period this year, with service retail sales up 4.9 percent and goods retail sales up 1 percent, officials and experts said at the China Economic Roundtable, an all-media talk platform hosted by Xinhua News Agency.
In June this year, the National Bureau of Statistics released the "total retail sales of consumer goods and services" indicator for the first time, a move analysts say better reflects the full picture of consumption as services become an increasingly important driver of domestic demand.
"As per capita income rises, it is an objective economic law that service consumption grows faster than goods consumption," said Lin Jian, vice president of the Chinese Academy of International Trade and Economic Cooperation under the Ministry of Commerce.
The shift is visible in changing consumer behavior. Zhang Weihua, deputy director of the Shandong Provincial Department of Culture and Tourism, said consumers are moving from "buying goods" to "buying peace of mind" and from "functional consumption" to "experiential consumption," seeking immersive, interactive and emotionally rewarding experiences.
For his part, Chen Chunhui, chairman of Xiamen International Cruise Home Port Group Co., Ltd., said that "cruise consumption, from ship to shore, integrates dining, lodging, transport, sightseeing, shopping and entertainment, reflecting the growing demand for composite experiences."
In Xiamen, a coastal city in east China's Fujian Province, the Xiamen International Cruise Home Port, one of China's four pilot demonstration cruise transport ports, saw inbound cruise ship calls rise 33 percent year on year in the first half, with passenger numbers up about 180 percent, according to Chen.
https://english.news.cn/20260924/7837c3b4281f43d1a1dfb17e4777f902/c.html
Photo caption 1: Visitors learn about a smart robot masseur during the 2026 China International Fair for Trade in Services at Shougang Park in Beijing, capital of China, Sept. 11, 2026. (Photo by Bi Shanghong/Xinhua)
Photo caption 2: Lin Jian, vice president of the Chinese Academy of International Trade and Economic Cooperation under the Ministry of Commerce, speaks at the 37th episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Zhang Fan)








