
ဘန်ကောက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသားများနှင့် လတ်တလော ထိုင်းနိုင်ငံသို့ လာရောက်ရန် အစီအစဉ်ရှိသူများ ဘေးအန္တရာယ်ကင်းရှင်းရေး သတိပြုမှု တိုးမြှင့်ထားကြရန်၊ ရာသီဥတုနှင့် လမ်းကြောင်းအခြေအနေများကို အနီးကပ် စောင့်ကြည့်ရန်နှင့် ရေကြီးရေလျှံမှုနှင့် ရေဝပ်မှုများ ကာကွယ်ရေးအတွက် သေချာစွာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် စက်တင်ဘာ ၂၆ ရက်၌ သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အသိပေးချက်တွင် လတ်တလော ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ နေရာတော်တော်များများ၌ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းလျက်ရှိပြီး ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် ပိုမိုသိသာသော သက်ရောက်မှုရှိကြောင်း၊ ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသားများအနေဖြင့် ရာသီဥတုနှင့် ဒေသတွင်း တရားဝင် သတင်းအချက်အလက်များကို အနီးကပ် စောင့်ကြည့်ကြရန်၊ သွားလာရေး အဆင်ပြေစေရန် ကြိုတင်စီစဉ်ထားကြရန်၊ ရေကြီးရေလျှံနေသော ဧရိယာများကို ဖြတ်သန်းသွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ အိမ်တွင်းနှင့် တစ်ကိုယ်ရည် အရေးပေါ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တရုတ်သံရုံး၏ သတိပေးချက်တွင် ဖော်ပြထားသည်။
မကြာမီ ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော သို့မဟုတ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သော တရုတ်ခရီးသွားများ၊ ကာလတို စီးပွားရေးကိစ္စနှင့် ဆွေမျိုးများထံ အလည်အပတ် လာရောက်သူများအနေဖြင့် မိမိတို့သွားရောက်မည့် နေရာများ၏ ရာသီဥတုနှင့် ယာဉ်သွားယာဉ်လာ အခြေအနေများကို အနီးကပ်စောင့်ကြည့်ရန်၊ ခရီးသွားလာရေး၊ စီးပွားရေးကိစ္စရပ်များနှင့် ပြင်ပလှုပ်ရှားမှု အစီအစဉ်များကို သင့်လျော်သလို ညှိနှိုင်းပြင်ဆင်ရန်နှင့် မိုးသည်းထန်စွာရွာသွန်းနေစဉ်အတွင်း မြစ်ချောင်းများ၊ ရေတံခွန်များကဲ့သို့သော ရေနှင့်ဆက်စပ်သောနေရာများနှင့် တောင်ပေါ်ဒေသများ၊ မြေနိမ့်ပိုင်းဒေသများသို့ သွားရောက်လည်ပတ်ခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။ လေဆိပ်နှင့် ရထားဘူတာရုံများစသည့် သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများသို့ သွားရောက်ရာတွင်လည်း အချိန်လုံလောက်စွာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ အရေးပေါ်အခြေအနေ ကြုံတွေ့ရပါက ရဲတပ်ဖွဲ့ထံ အချိန်မီ အကြောင်းကြားပြီး ထိုင်းနိုင်ငံရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများထံသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံနိုင်ကြောင်း ကြေညာထားသည်။ (Xinhua)

------------------------------------------
(Chinese Version)
中国驻泰使馆提醒在泰中国公民防范强降雨及洪涝灾害
新华社曼谷9月26日电 中国驻泰国使馆26日发布公告,提醒在泰中国公民及近期拟来泰人员提高安全防范意识,密切关注天气和道路情况,妥善做好防洪防涝准备。
公告说,近日,泰国多地持续出现强降雨天气,曼谷及周边地区受影响较为明显。使馆提醒在泰中国公民密切关注天气及当地官方信息;合理安排出行,避免通过内涝区域;做好居家及个人应急准备;近期计划来泰或已经在泰的中国游客、短期商务及探亲人员,应密切关注目的地天气和交通状况,合理调整旅游、商务及户外活动安排,避免在暴雨期间前往河流、瀑布等涉水区域以及山区、低洼地区游览;前往机场、火车站等交通枢纽时,应充分预留时间。如遇紧急情况,请及时报警并联系中国驻泰国使领馆寻求领事协助。
Photo Caption 1 :A vehicle drives through floodwaters in Bangkok, Thailand, Sept. 26, 2026. (Xinhua/Rachen Sageamsak)
Photo Caption 2 :A motorcyclist rides through floodwaters in Bangkok, Thailand, Sept. 26, 2026. (Xinhua/Rachen Sageamsak)








