ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုအပြီး မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က မြင်တွေ့ရစဥ်  (Peter Druk/Xinhua)
ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုအပြီး မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က မြင်တွေ့ရစဥ် (Peter Druk/Xinhua)

မော်စကို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ အချက်အလက်စင်တာများကို ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းတပ်ဖွဲ့များအတွက် အင်တာနက်အသုံးပြုခြင်းနှင့် Starlink ဝန်ဆောင်မှု ပံ့ပိုးမှုပေးသည့် အဆောက်အဦများ၏ လေးပုံတစ်ပုံ ပျက်စီးသွားကြောင်း ရုရှားလုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ TASS သတင်းဌာနက စက်တင်ဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။  

လေကြောင်းတိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ ရုပ်မြင်သံကြားထုတ်လွှင့်မှုများ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသွားပြီး လူမှုမီဒီယာနှင့် ဗီဒီယိုထုတ်လွှင့်မှုဆိုင်ရာ ဝန်ဆောင်မှုများတွင် ပြဿနာများဖြစ်ပေါ်ခဲ့ကြောင်း TASS သတင်းဌာနက ထပ်လောင်းဖော်ပြခဲ့သည်။    

"ရုပ်မြင်သံကြားထုတ်လွှင့်မှု ကိစ္စရပ်တွေတင် အနှောင့်အယှက်ဖြစ်ရုံမကဘဲ လူမှုမီဒီယာနဲ့ ဗီဒီယိုထုတ်လွှင့်မှုဆိုင်ရာ ဝန်ဆောင်မှုတွေမှာပါ ပြဿနာတွေဖြစ်ပေါ်နေပြီး ကိဗ်မြို့မှာ နေထိုင်သူတွေဟာ YouTube နဲ့ တခြား အင်တာနက်ဝန်ဆောင်မှု အရင်းအမြစ်တွေကို ဝင်ရောက်ကြည့်ရှုလို့ မရတော့ပါဘူး" ဟုလည်း သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့သည်။ (Xinhua)

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုအပြီး မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က မြင်တွေ့ရစဥ်  (Peter Druk/Xinhua)
ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုအပြီး မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က မြင်တွေ့ရစဥ် (Peter Druk/Xinhua)

…………………………………………………

(English version)

Russia says strikes destroyed 25 pct of Ukraine's internet, Starlink facilities

MOSCOW, Sept. 26 (Xinhua) -- Strikes by Russian forces on data centers in Kiev have led to the destruction of a quarter of the facilities providing internet access and Starlink support for the Ukrainian forces, TASS news agency reported on Saturday, citing a source from the Russian security forces.

The strikes also caused a partial shutdown of Ukrainian television broadcasts and problems with social media and video services, the agency added.

"The disruptions weren't limited to television: there are problems with social media and video services, and Kiev residents can't access YouTube and other resources," the source was quoted as saying.

Photo caption-1,2- This photo taken on Sept. 8, 2026 shows a scene after Russian strikes in Kiev, Ukraine. (Photo by Peter Druk/Xinhua)