တောင်အာဖရိကနိုင်ငံ အနောက်ကိပ်ပြည်နယ် Strand ခရိုင် Lwandle မြို့နယ်တွင် ရဲများက သေနတ်ပစ်ခတ်မှု အချင်းဖြစ်ပွားရာနေရာ၌ အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-South African Police Service in the Western Cape/Handout via Xinhua)
တောင်အာဖရိကနိုင်ငံ အနောက်ကိပ်ပြည်နယ် Strand ခရိုင် Lwandle မြို့နယ်တွင် ရဲများက သေနတ်ပစ်ခတ်မှု အချင်းဖြစ်ပွားရာနေရာ၌ အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-South African Police Service in the Western Cape/Handout via Xinhua)

ဂျိုဟန်နာဘတ်စ်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ် West Rand ခရိုင် ၊ အနောက်ကိပ်ပြည်နယ် Strand ခရိုင်တွင် အကြီးစား သေနတ်ပစ်ခတ်မှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၂၇ ဦး သေဆုံး၍ ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနိုင်ငံ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒေသစံတော်ချိန် စက်တင်ဘာ ၂၆ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ပစ်ခတ်သူလူတစ်စုသည် West Rand ခရိုင် Wedela မြို့ အရက်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်၍ အချင်းဖြစ်ပွားရာနေရာရှိလူများကို ခွဲခြားမှုမရှိ ပစ်ခတ်ပြီးနောက် ကားဖြင့်ထွက်ပြေးသွားခဲ့ကြောင်း၊ သေနတ်ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ ၁၇ ဦးထက်မနည်း သေဆုံး၍ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အခြားသေနတ်ပစ်ခတ်မှုတစ်ခုမှာ ဒေသစံတော်ချိန် စက်တင်ဘာ ၂၇ ရက် နံနက် ၁ နာရီ ၄၆ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မည်သူမည်ဝါမှန်း မသိသော သေနတ်ပစ်ခတ်သူသည် Strand ခရိုင် Lwandle မြို့နယ်ရှိ အကင်ဆိုင်တွဲဖွင့်ထားသော ဖျော်ဖြေရေးဆိုင်တစ်ဆိုင်သို့ ဝင်ရောက်၍ အမှုကျူးလွန်ခဲ့ရာ လူ ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြား ၅ ဦးမှာ ဆေးကုသမှုခံယူရန် ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့သည်။ အခြားသူ ၁၁ ဦးမှာမူ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

အထက်ပါသေနတ်ပစ်ခတ်မှု ကျူးလွန်ကြောင်း သံသယရှိသူများ၏ အမှုကျူးလွန်ရသည့် ရည်ရွယ်ချက်ကို မသိရှိရသေးကြောင်း၊ Gauteng ပြည်နယ်နှင့် အနောက်ကိပ်ပြည်နယ်မှ ရဲတပ်ဖွဲ့များသည် အမှုဖွင့်၍ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

တောင်အာဖရိကနိုင်ငံ၌ သေနတ်အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ နှစ်စဉ် သေနတ်ဖြင့် ပြစ်မှုကျူးလွန်သည့် အမှုပေါင်း ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ ခန့်အထိရှိသည်။ အဆိုပါအမှုများတွင် ကြံစည်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ လုယက်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှု စသည်တို့ပါဝင်ပြီး Gauteng ပြည်နယ်၊ အနောက်ကိပ်ပြည်နယ်နှင့် KwaZulu-Natal ပြည်နယ်တွင် အခြေအနေ အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)

တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ် West Rand ခရိုင် သေနတ်ပစ်ခတ်မှု အချင်းဖြစ်ပွားရာနေရာ၌ အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ် West Rand ခရိုင် သေနတ်ပစ်ခတ်မှု အချင်းဖြစ်ပွားရာနေရာ၌ အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

南非接连发生两起枪击事件致27人死亡

新华社约翰内斯堡9月27日电 据南非警方27日发布的消息,该国豪滕省西兰德地区、西开普省斯特兰德地区接连发生两起大规模枪击事件,共导致27人死亡、26人受伤。  

警方说,当地时间26日21时30分许,一伙枪手闯入西兰德地区韦德拉镇一家酒馆,对在场人员进行无差别射击后乘车逃离。枪击共造成至少17人死亡、15人受伤。  

另一起枪击事件发生在当地时间27日1时46分。不明身份的枪手闯入斯特兰德地区卢万德尔镇一家兼营烧烤的娱乐场所行凶,导致5人当场死亡、另有5人送医不治身亡,还有11名伤者在医院接受治疗。  

警方表示,尚不清楚上述枪击事件嫌疑人行凶动机。豪滕、西开普两省警方已经立案,并展开追捕。  

南非枪支暴力高发,每年发生约20万至30万起涉枪犯罪案件,关联谋杀、绑架、抢劫、帮派火并等,豪滕、西开普、夸祖卢-纳塔尔三省情况尤为严重。(完)

图说1:9月27日,在南非西开普省斯特兰德地区卢万德尔镇,警察在枪击事件现场工作。新华社发(南非西开普省警察厅供图)

图说2:9月27日,工作人员在南非豪滕省西兰德地区的枪击事件现场工作。新华社发(鲁马娜·阿库布摄)