
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ အပြုသဘောဆောင်သော၊ တာဝန်ယူမှုရှိသော သဘောထားကို လက်ကိုင်ထားကာ ဉာဏ်ရည်တု (AI) ကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပါဝင်ပြီး တရုတ်နိုင်ငံနည်းလမ်းကို အဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ပင်မလမ်းကြောင်း အခန်းကဏ္ဍအား အခိုင်အမာ အသုံးချသင့်မှု၊ တရားမျှတ၍ လျော်ကန်သော ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု (AI) စီမံခန့်ခွဲမှုစနစ်အား တည်ဆောက်မှုကို အစဉ်တစိုက် လက်ကိုင်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် မိမိတို့အနေဖြင့် အမေရိကန်နှင့် အတူ AI ကဏ္ဍဆိုင်ရာ အစိုးရအကြား တွေ့ဆုံဆွေးနွေးမှု စသည့် လမ်းကြောင်းများမှတစ်ဆင့် ချိတ်ဆက်ဖလှယ်မှုကို ထိန်းသိမ်းထားလိုကြောင်း၊ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ AI ကောင်းမွန်စွာနှင့် ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုစွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့် အရေးကြီးလမ်းကြောင်း ဖြစ်သကဲ့သို့ “လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” အား တည်ဆောက်ရာတွင် ရှိသင့်ရှိထိုက်သည့် အနှစ်သာရလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:愿同美方通过人工智能政府间对话等渠道保持沟通
新华社北京9月28日电(记者吴梦桐、冯歆然)外交部发言人郭嘉昆28日在例行记者会上答问时表示,中方始终秉持建设性、负责任态度参与人工智能全球治理,持续不断贡献中国方案。中方一贯主张应当坚持发挥联合国主渠道作用,构建公正合理的全球人工智能治理体系。同时,我们也愿同美方通过人工智能政府间对话等渠道保持沟通交流。这既是促进全球人工智能向善普惠发展的重要路径,也是构建“基于尊重、公平、对等的中美建设性战略稳定关系”的应有之义。(完)
图说:在沈阳举行的2025全球工业互联网大会展览区展示的机器人(2025年9月6日摄)。新华社记者 潘昱龙 摄








