
တိုကျို၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန် “Typhoon” (တိုင်ဖွန်း) တာလတ်ပစ် ဒုံးကျည်စနစ်ကို ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် ခါဒဲနာအခြေစိုက်စခန်းတွင် သိုလှောင်ထားရှိရန် စီစဉ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ခါဒဲနာမြို့၏ မြို့တော်ဝန် Hiroshi Toyama က စက်တင်ဘာ ၂၈ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ အိုကီနာဝါ ကာကွယ်ရေးဗျူရိုသို့ သွားရောက်၍ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
Toyama သည် ကာကွယ်ရေးဝန်ကြီးဌာန၊ အိုကီနာဝါ ကာကွယ်ရေးဗျူရိုအား ယင်းအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည့် တောင်းခံစာတစ်စောင်ကို တင်သွင်းခဲ့ပြီး ယင်းအစီအစဉ်သည် မြို့ခံများ၏ စိတ်ခံစားချက်ကို လျစ်လျူရှုကာ အလွန်အဓိပ္ပာယ်မဲ့သော အစီအစဉ်ဖြစ်၍ လုံးဝလက်ခံနိုင်စရာမရှိဟု ပြောကြားခဲ့ကြောင်း ဂျပန် ကျိုဒိုသတင်းဌာန (Kyodo News) ၏ ဖော်ပြချက်အရ သိရသည်။
Toyama က ထားရှိမည့်ကာလ ကြာချိန်ကို ရှင်းလင်းစွာ သတ်မှတ်မထားသောကြောင့် ယင်းသည် တဖြည်းဖြည်းဖြင့် အမြဲတမ်း တရားဝင်ဖြန့်ကြက်မှုအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ၎င်းက စိုးရိမ်မှုရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။
လက်ရှိ ဂျပန်နိုင်ငံ ခါဂိုရှီးမားခရိုင် ခါနိုယာလေကြောင်းအခြေစိုက်စခန်းတွင် ဖြန့်ကြက်ထားသော အမေရိကန် “Typhoon” ဒုံးကျည်စနစ်ကို အောက်တိုဘာလလယ်မတိုင်မီ ဖယ်ရှားပြီး ယင်းကို ခါဒဲနာအခြေစိုက်စခန်းတွင် ထားရှိရန် စီစဉ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အိုကီနာဝါ ကာကွယ်ရေးဗျူရိုက စက်တင်ဘာ ၂၅ ရက်တွင် ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သည်။
“Typhoon”ဒုံးကျည်စနစ်သည် “Tomahawk” ခရုဇ်ဒုံးကျည်များကို ပစ်လွှတ်နိုင်ပြီး ယင်းဒုံးကျည်စနစ်ကို ဂျပန်၊ အမေရိကန် စသည့်နိုင်ငံများ ပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် ခါနိုယာလေကြောင်းအခြေစိုက်စခန်းတွင် ဖြန့်ကြက်ထားခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းဌာန၏ ယခင်က သတင်းတွင် ဖော်ပြထားသည်။
ယင်းမတိုင်မီ ဂျပန်နိုင်ငံ၌ “Typhoon” ဒုံးကျည်စနစ်ကို ဖြန့်ကြက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများ၏ ပြင်းထန်သော ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)
...............................
(Chinese Version)
美“堤丰”导弹系统拟存放于冲绳基地引发当地抗议
新华社东京9月28日电(记者陈泽安 蓝建中)日本冲绳县嘉手纳町町长当山宏28日前往日本防卫省冲绳防卫局,就美国“堤丰”中程导弹系统拟存放于嘉手纳基地一事提出抗议。
据日本共同社报道,当山向防卫省冲绳防卫局递交了要求撤回此项计划的请求书,并表示该计划无视町民感受、荒谬至极,绝对无法接受。
当山指出,由于未明确存放期限,他担心这可能会转变为永久性的正式部署。
防卫省冲绳防卫局25日在其官网公布,拟于10月中旬前撤走目前部署在日本鹿儿岛县鹿屋航空基地的美国“堤丰”导弹系统,将其存放在嘉手纳基地。
共同社此前报道称,“堤丰”导弹系统可发射“战斧”巡航导弹,该导弹系统为配合日本和美国等国参加的联合演习而被部署在鹿屋航空基地。
此前,在日本部署“堤丰”导弹系统已引发周边国家强烈抗议。(完)
图说:8月5日,民众在日本广岛和平纪念公园举行反战集会。新华社记者贾浩成摄








