
ဆိုးလ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် စစ်ရေးနယ်နိမိတ်မျဉ်းနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးရန် တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီး Chung Dong-young က အောက်တိုဘာ ၂ ရက်တွင် အဆိုပြုခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာန၏ ထိုနေ့ဖော်ပြချက်အရ သိရသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်မဲ့ဇုန် (DMZ) မြေမြှုပ်မိုင်း မတော်တဆပေါက်ကွဲမှု၏ အဓိက အကြောင်းရင်းမှာ စစ်ရေးနယ်နိမိတ်မျဉ်း သဘောထား ကွဲလွဲမှုကြောင့် ဖြစ်ကြောင်း Chung Dong-young က ထိုနေ့တွင် ပြောကြားခဲ့သည်။ “တောင်ကိုရီးယား၊ မြောက်ကိုရီးယား နဲ့ 'ကုလသမဂ္ဂစစ်ဌာနချုပ် (UNC)' တို့က သတ်မှတ်ထားတဲ့ နယ်နိမိတ်မျဉ်းတွေက တစ်ခုနဲ့တစ်ခု မတူညီကြဘူး။ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် အလားတူ မတော်တဆမှုတွေက အချိန်မရွေးထပ် ဖြစ်ပွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
Chung Dong-young က ပေါင်းစည်းရေးဝန်ကြီးအနေဖြင့် ၎င်းသည် မြောက်ကိုရီးယားဘက်သို့ တွေ့ဆုံဆွေးနွေးကြရန် အဆိုပြုခဲ့ပြီး အနည်းဆုံး စစ်ရေးနယ်နိမိတ်မျဉ်း တိုင်းတာ သတ်မှတ်ခြင်းနှင့် အတည်ပြုခြင်း ကိစ္စများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသင့်ကြောင်း ပြောကြားခဲ့သည်။
ကိုရီးယားစစ်ပွဲ ရပ်စဲရေး သဘောတူညီချက်အရ နှစ်ဘက်လုံးသည် လက်တွေ့ ထိန်းချုပ်ထားသော မျဉ်းကို စစ်ရေးနယ်နိမိတ်မျဉ်းအဖြစ် သတ်မှတ်ကြသည်။ စစ်ရေးနယ်နိမိတ်မျဉ်းသည် အရှေ့အနောက် ၂၄၀ ကီလိုမီတာ ရှည်လျားပြီး တောင်မြောက် တစ်ဖက်တစ်ချက်စီတွင် ၂ ကီလိုမီတာ အတွင်းကို စစ်မဲ့ဇုန် အဖြစ် သတ်မှတ်ထားသည်။
တောင်ကိုရီးယား ကြည်းတပ် အမှတ် ၂၅ တပ်မသည် စက်တင်ဘာလ ၂၁ ရက်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စစ်ရေးနယ်နိမိတ်မျဉ်းအနီး တောင်ကိုရီးယားဘက်ခြမ်း စစ်မဲ့ဇုန်အတွင်း တာဝန်ထမ်းဆောင်စဉ် မြေမြှုပ်မိုင်း မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်သား သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ခဲ့သည်။ တောင်ကိုရီးယား စစ်တပ်သည် စက်တင်ဘာ ၂၈ ရက်တွင် ဤမတော်တဆမှု၏ ကနဦး စုံစမ်းစစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ဤမတော်တဆမှုသည် “မြောက်ကိုရီးယား စစ်တပ်က မြှုပ်နှံထားသော မြေမြှုပ်မိုင်းကြောင့် ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်” ဟု ဖော်ပြခဲ့သည်။
မကြာသေးမီက မြောက်ကိုရီးယား-တောင်ကိုရီးယား စစ်မဲ့ဇုန်တွင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ရပ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဌာနညွှန်ကြားရေးမှူး ကင်ယိုဂျွန်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားရာတွင် တောင်ကိုရီးယားဘက်က ကိုရီးယား ကျွန်းဆွယ် အခြေအနေကို အန္တရာယ်ရှိသော အခြေအနေထဲသို့ ထပ်မံ ဆွဲသွင်းရန် ကြိုးစားနေသည်ဟု ပြစ်တင် ရှုတ်ချခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)၏ ထိုနေ့ ဖော်ပြချက်အရ သိရသည်။ ကင်ယိုဂျွန်က မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ရပ်သည် တောင်ကိုရီးယားဘက်၏ “ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်တင်ဆက်သည့် ဟာသဇာတ်လမ်းသစ်” ဖြစ်ပြီး အဆိုပါဖြစ်ရပ်သည် မြောက်ကိုရီးယားဘက်ကြောင့် ဖြစ်ပွားရသည်ဆိုသော တောင်ကိုရီးယားဘက်၏ ကောက်ချက်မှာ “အဓိပ္ပာယ်မဲ့” ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
..............................
(Chinese Version)
韩方提议韩朝就军事分界线分歧见面沟通
新华社首尔10月2日电(记者陈怡 孙一然)据韩联社2日报道,韩国统一部长官郑东泳当天提议韩国和朝鲜见面沟通围绕军事分界线的分歧。
郑东泳当天表示,近期发生的非军事区地雷爆炸事故的核心原因在于军事分界线分歧。“韩国、朝鲜以及‘联合国军司令部’测定的界线都不一样。如果不解决这个问题,同样的事故随时可能再次发生。”
郑东泳表示,作为统一部长官,他向朝方提议应见面沟通,至少应就军事分界线测定和确认事宜进行沟通。
根据朝鲜战争停战协定,双方把实际控制线作为军事分界线。军事分界线东西长240公里,南北两侧各两公里以内为非军事区。
韩国陆军第25师9月21日在韩朝军事分界线附近韩方一侧非军事区内执行任务时发生地雷爆炸事故,造成3名军人受伤,其中2人伤势严重。韩国军方28日公布事故初步调查结果称,此次事故“由朝军埋设地雷引发的可能性极高”。
据朝中社2日报道,朝鲜劳动党中央委员会部长金与正当天发表谈话,就日前发生在朝韩非军事区的地雷爆炸事件,谴责韩方企图把朝鲜半岛局势再次拖入危险境地。金与正说,地雷爆炸事件是韩方“自编自演的新闹剧”,韩方所谓事件是由朝方引起的结论“荒唐”。(完)
图说:2019年6月14日,游客和部分外国媒体记者在韩国高城郡的“非军事区和平之路”内游览。新华社记者王婧嫱摄








