
ပြုံယမ်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံသည် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းဒေသ၌ တာလတ်ပစ် မဟာဗျူဟာမြောက် ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် အဆိုပါ ပစ်ခတ်လေ့ကျင့်မှုကို သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း KCNA သတင်းဌာန၏ အောက်တိုဘာ ၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။
လေ့ကျင့်ရန်အသုံးပြုသည့် အဆိုပါဒုံးကျည်သည် မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းပင်လယ်ပြင်၌ သတ်မှတ်ထားသော ပစ်မှတ်များအား ထိမှန်ခဲ့ကြောင်း၊ အဆိုပါလေ့ကျင့်မှုသည် အသံထက်မြန်သော မဟာဗျူဟာမြောက် လက်နက်စနစ်အား ထိန်းချုပ်သည့် ဒုံးကျည်တပ်သားများအနေဖြင့် ပစ်ခတ်မှုအား ထိန်းချုပ်နိုင်သည့်စွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံတော်တည်ဆောက်ရေးအတွက် ဘေးကင်းလုံခြုံသောပတ်ဝန်းကျင် မုချမသွေဖြစ်စေရန် ခြိမ်းခြောက်မှုအမျိုးမျိုးကို အင်အားကြီးမားသော ဟန့်တားနိုင်စွမ်းဖြင့် ထိန်းချုပ်ရမည်ဟု ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ (Xinhua)


---------------------
(Chinese Version)
金正恩观摩中程战略导弹发射训练
新华社平壤10月4日电(记者王天僚) 据朝中社4日报道,朝鲜3日凌晨在东部地区进行了中程战略导弹发射训练。朝鲜劳动党总书记、国务委员长金正恩现场观摩训练。
报道说,用于训练的导弹命中了设定在朝鲜东部海域的目标。训练旨在让操纵高超音速战略武器系统的导弹兵熟练掌握火力操纵能力。
金正恩表示,要以强大的遏制力管控各种威胁,为国家建设保证安全环境。(完)
图说1:这张朝中社10月4日提供的照片显示,朝鲜劳动党总书记、国务委员长金正恩观摩中程战略导弹发射训练。新华社/朝中社
图说2、3:这张朝中社10月4日提供的照片显示,朝鲜进行中程战略导弹发射训练。新华社/朝中社








