
လန်ဒန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
အကယ်၍ အစ္စရေးက ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းပါက ဗြိတိန်အနေဖြင့် ဗြိတိန်ရှိ အစ္စရေး သံတမန်များကို နှင်ထုတ်နိုင်ဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများ၏ အောက်တိုဘာ ၆ ရက် သတင်းအရ သိရသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Miliband က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း၌ အစ္စရေးတည်ဆောက်ထားသော အခြေချနေထိုင်ရာဒေသများမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ဗြိတိန်က တားမြစ်မည်ဟု စက်တင်ဘာ ၈ ရက်တွင် အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ကြေညာခဲ့သည်။ ထိုနေ့ နှောင်းပိုင်းတွင် အစ္စရေးဘက်က ဗြိတိန်အား ရက် ၃၀ အတွင်း ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းပြီး ဗြိတိန်သံတမန်ဝန်ထမ်းများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။
သတင်းအရ အစ္စရေးက ဗြိတိန်အား သတ်မှတ်ပေးထားသော ရက် ၃၀ ကာလ နောက်ဆုံးရက်သည် အောက်တိုဘာ ၈ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထိုအချိန်တွင် ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးမှ သံတမန်ဝန်ထမ်း ၃၀ ခန့် ထိခိုက်မှုရှိမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များလည်း ထိခိုက်မှုရှိမည် ဖြစ်သည်။
ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းပါက ဗြိတိန်သည် အလားတူအစီအမံများ ချမှတ်ဆောင်ရွက်ပြီး ဗြိတိန်နိုင်ငံရှိ အစ္စရေးသံရုံးမှ အလားတူအရေအတွက်ရှိသော အစ္စရေးသံတမန်များကို နိုင်ငံမှ နှင်ထုတ်ဖွယ်ရှိသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဗြိတိန်နှင့် အစ္စရေး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်မှု မပြုသေးပေ။ (Xinhua)

………………………………
(Chinese Version)
英媒:若以色列关闭英领事馆 英或将驱逐以外交官
新华社伦敦10月6日电(记者张枫)据英国媒体6日报道,如果以色列关闭英国驻耶路撒冷领事馆,英国或将驱逐以色列驻英外交官。
9月8日,英国外交大臣米利班德在议会下院发表讲话时宣布,英国将禁止进口来自以色列在约旦河西岸所建定居点的商品。当天晚些时候,以方要求英国在30天内关闭英国驻耶路撒冷领事馆,并撤离英国外交人员。
报道称,以色列给英国设定的30天期限将于10月8日到期。届时,约30名英国驻耶路撒冷领事馆的外交人员将受到影响,其家属也将受到影响。
报道还称,如果英国驻耶路撒冷领事馆被关闭,英国很可能采取对等措施,驱逐以色列驻英国大使馆中数量相当的以色列外交官。
目前,英国和以色列外交部均未对此事作出回应。(完)
图说:这是4月14日拍摄的英国伦敦议会广场。新华社记者李颖摄
图说2:这是8月13日在约旦河西岸北部城市杰宁附近拍摄的犹太人定居点加尼姆(无人机照片)。新华社发(吉尔·科恩·马根摄)








