
မော်စကို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
လစ်သူယေးနီးယားနိုင်ငံတွင် နေတိုးစစ်စခန်းနှင့် နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားပါက တင်းမာမှုများကို ပိုမိုဆိုးရွားစေမည်ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
"ဒီကိစ္စနှစ်ခုစလုံးက ဥရောပတိုက်အတွက် တည်ငြိမ်မှုနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုကို အထောက်အကူမပြုပါဘူး။ တစ်နည်းအားဖြင့် တင်းမာမှုတွေ မြင့်တက်လာပြီး နောက်ထပ်အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်" ဟု Peskov က ပြောကြားခဲ့သည်။
အောက်တိုဘာ ၆ ရက်အစောပိုင်းက ကျင်းပသော လစ်သူယေးနီးယားပါလီမန်က လစ်သူယေးနီးယားနိုင်ငံတွင် နေတိုးနျူကလီးယားလက်နက်များ ဖြန့်ကြက်ရန် လမ်းဖွင့်ပေးနိုင်သည့် အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သော လက်နက်များ ပိတ်ပင်မှုကို ရုပ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အား ပထမဆုံး အတည်ပြုခဲ့သည်။ ယင်းပြင်ဆင်ချက်အပေါ် နောက်ဆုံးမဲပေးမှုကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
ထိုသို့ ဖြန့်ကြက်မှုဖြစ်ပွားပါက ရုရှားနိုင်ငံသည် ၎င်း၏အမျိုးသားလုံခြုံရေးကို ခိုင်မာစေရန် လက်တုန့်ပြန်မည့် အစီအမံများ ပြုလုပ်ရန် ဖိအားပေးဆောင်ရွက်ရလိမ့်မည်ဟု Peskov က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
#Russia #Lithuania #NATO #ရုရှား #လစ်သူယေးနီးယား #နေတိုးအဖွဲ့
…………………………………………………………………………
(English version)
Russia warns Lithuania against possible NATO base, nuclear weapons deployment
MOSCOW, Oct. 6 (Xinhua) -- The possible deployment of a NATO military base and nuclear weapons in Lithuania would further escalate tensions, Kremlin Spokesman Dmitry Peskov said Tuesday.
"Both of these things will not contribute to stability and predictability on the European continent. On the contrary, they will become another significant round in the escalation of tensions," Peskov said.
A constitutional amendment to lift a ban on weapons of mass destruction, potentially opening the way for stationing NATO nuclear weapons in Lithuania, passed the first reading in the Lithuanian parliament earlier Tuesday. A final vote on the amendment has been scheduled for Jan. 12, 2027.
Peskov added that if such deployment occurs, Russia would be forced to take retaliatory measures to ensure its national security.
Photo caption: A child walks past a billboard of NATO Summit in Ankara, Türkiye, June 29, 2026. (Mustafa Kaya/Handout via Xinhua)








